Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုကင်းလို့ ယူဆရတဲ့ အမှုန့်တွေ ရှာတွေ့လို့ အိမ်ဖြူတော်မှာ အရေးပေါ် ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့ရ

အမေရိကန် သမ္မတရဲ့ အထူးလုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတွေက အဲဒီ အဖြူမှုန့်တွေကို ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို လုံခြုံရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖုန်းတွေ ယာယီ ထိန်းသိမ်းလေ့ရှိတဲ့ နေရာက ကတ်ထူစက္ကူ ပုံးတစ်လုံးထဲမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။

ကိုကင်းလို့ ယူဆရတဲ့ အမှုန့်တွေ ရှာတွေ့လို့ အိမ်ဖြူတော်မှာ အရေးပေါ် ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့ရ
ကိုကင်းလို့ ယူဆရတဲ့ အမှုန့်တွေ ရှာတွေ့လို့ အိမ်ဖြူတော်မှာ အရေးပေါ် ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့ရ

ကိုကင်း မူးယစ်ဆေးလို့ ယူဆရတဲ့ ဖြူဖြူအမှုန့်တွေ ရှာတွေ့ရာက အိမ်ဖြူတော်မှာ အရေးပေါ် ရွှေ့ပြောင်းစေမှုတချို့ လုပ်ဆောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အိမ်ဖြူတော်ရဲ့ လုံခြုံရေး စစ်ဆေးမှု ဧရိယာ တစ်ခုမှာ အဲဒီ အမှုန့်တွေကို ရှာတွေ့ခဲ့တာပါ။ ဝါရှင်တန် မြို့တော်က အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်တော်ကြီးထဲမှာ မသင်္ကာစရာ ပစ္စည်းတွေ တွေ့ရှိတဲ့နောက် ဝန်ထမ်းတချို့ကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့သလို မူးယစ်ဆေး ဟုတ်မဟုတ် စစ်ဆေးမှုတွေ ချက်ချင်း လုပ်ဆောင်ခဲ့ပါတယ်။

အခင်းဖြစ်ချိန်က သမ္မတ ဂျိုးဘိုင်ဒန်နဲ့ မိသားစုဟာ အိမ်ဖြူတော်မှာ မရှိကြဘဲ ကမ့်ဒေးဗစ် အပန်းဖြေ စံအိမ်ကို ရောက်နေခဲ့ကြပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မသင်္ကာစရာ အဖြူရောင် အမှုန့်တွေ တွေ့ရှိခဲ့တာကြောင့် အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့တာကို အတည်ပြုခဲ့ပေမယ့် မူးယစ်ဆေးဖြစ်ကြောင်း ဆေးစစ်အဖြေ Positive ထွက်ခဲ့တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ ပေးမသွားပါဘူး။ ကနဦး တွေ့ရှိချက်တွေအရ အဲဒီ အမှုန့်တွေဟာ အန္တရာယ် ရှိတဲ့ ဓာတ်ပစ္စည်းတွေ မဟုတ်မှန်း သိခဲ့ရပေမယ့် အသေးစိတ် စစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် ဓာတ်ခွဲခန်း တစ်ခုဆီ လွှဲပြောင်းပေးလိုက်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတရဲ့ အထူးလုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတွေက အဲဒီ အဖြူမှုန့်တွေကို ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို လုံခြုံရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖုန်းတွေ ယာယီ ထိန်းသိမ်းလေ့ရှိတဲ့ နေရာက ကတ်ထူစက္ကူ ပုံးတစ်လုံးထဲမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။

မသင်္ကာစရာ အမှုန့်တွေ တွေ့ရှိတဲ့ အိမ်ဖြူတော် အနောက်ဖက်ဝင်းဟာ ကျယ်ဝန်းပြီး သမ္မတ ရုံးထိုင်တဲ့ နေရာဖြစ်တဲ့ ဘဲဥပုံ ရုံးခန်းလည်း တည်ရှိပါတယ်။ ဒါ့အပြင် ဒုတိယ သမ္မတ၊ အိမ်ဖြူတော် ဝန်ထမ်းရေးရာ အကြီးအကဲ၊ ပြန်ကြားရေး အရာရှိတို့ရဲ့ ရုံးခန်းတွေပါ ရှိနေပြီး ရာနဲ့ချီတဲ့ ဝန်ထမ်းတွေ ဝင်ထွက်သွားလာနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဒီဟာ ၂၀၂၂ မှာ အစ္စရေး လွှတ်တော်ထဲ ရွေးကောက်ခံရပြီး အဓိက အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်ရဲ့ အမျိုးသား ညီညွတ်ရေးပါတီ (NUP)မှာ ပါဝင်ခဲ့ပေမယ့် စစ်ပွဲကာလ အစိုးရထဲကို ဝန်ကြီးချုပ် နေတန်ညာဟုက အားကိုးတကြီး ခေါ်ယူခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။

နိုင်ငံတကာ

အမေရိကန် အထက်လွှတ်တော်အမတ် ဘရိုင်ယန် ရှက်ဇ်က မီးလောင်ပြင် နေရာတချို့ကို သွားရောက်ခဲ့ပြီး လေက အခုရက်ပိုင်းမှာ နည်းနည်း ပြန်ငြိမ်သွားပေမယ့် နောက်ထပ် အသေအပျောက်ဦးရေ တိုးလာနိုင်ခြေတွေ ရှိနေသေးကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လ ၂၄ ရက် မနက်ပိုင်းက Cathay Pacific လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် CX880 လေယာဉ်ဟာ ဟောင်ကောင် နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်ဖို့ ပြင်ဆင်ခဲ့ပေမယ့် နည်းပညာပိုင်း ချွတ်ချော်မှု တစ်ခု ဖြစ်နေမှန်း ထောက်လှမ်းမိခဲ့တဲ့နောက် လေယာဉ်မှူးက ခရီးစဉ်ကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။