Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကိုကင်းလို့ ယူဆရတဲ့ အမှုန့်တွေ ရှာတွေ့လို့ အိမ်ဖြူတော်မှာ အရေးပေါ် ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့ရ

အမေရိကန် သမ္မတရဲ့ အထူးလုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတွေက အဲဒီ အဖြူမှုန့်တွေကို ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို လုံခြုံရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖုန်းတွေ ယာယီ ထိန်းသိမ်းလေ့ရှိတဲ့ နေရာက ကတ်ထူစက္ကူ ပုံးတစ်လုံးထဲမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။

ကိုကင်းလို့ ယူဆရတဲ့ အမှုန့်တွေ ရှာတွေ့လို့ အိမ်ဖြူတော်မှာ အရေးပေါ် ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့ရ
ကိုကင်းလို့ ယူဆရတဲ့ အမှုန့်တွေ ရှာတွေ့လို့ အိမ်ဖြူတော်မှာ အရေးပေါ် ပြောင်းရွှေ့မှုတွေ လုပ်ဆောင်ခဲ့ရ

ကိုကင်း မူးယစ်ဆေးလို့ ယူဆရတဲ့ ဖြူဖြူအမှုန့်တွေ ရှာတွေ့ရာက အိမ်ဖြူတော်မှာ အရေးပေါ် ရွှေ့ပြောင်းစေမှုတချို့ လုပ်ဆောင်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အိမ်ဖြူတော်ရဲ့ လုံခြုံရေး စစ်ဆေးမှု ဧရိယာ တစ်ခုမှာ အဲဒီ အမှုန့်တွေကို ရှာတွေ့ခဲ့တာပါ။ ဝါရှင်တန် မြို့တော်က အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်တော်ကြီးထဲမှာ မသင်္ကာစရာ ပစ္စည်းတွေ တွေ့ရှိတဲ့နောက် ဝန်ထမ်းတချို့ကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့သလို မူးယစ်ဆေး ဟုတ်မဟုတ် စစ်ဆေးမှုတွေ ချက်ချင်း လုပ်ဆောင်ခဲ့ပါတယ်။

အခင်းဖြစ်ချိန်က သမ္မတ ဂျိုးဘိုင်ဒန်နဲ့ မိသားစုဟာ အိမ်ဖြူတော်မှာ မရှိကြဘဲ ကမ့်ဒေးဗစ် အပန်းဖြေ စံအိမ်ကို ရောက်နေခဲ့ကြပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မသင်္ကာစရာ အဖြူရောင် အမှုန့်တွေ တွေ့ရှိခဲ့တာကြောင့် အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့တာကို အတည်ပြုခဲ့ပေမယ့် မူးယစ်ဆေးဖြစ်ကြောင်း ဆေးစစ်အဖြေ Positive ထွက်ခဲ့တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ ပေးမသွားပါဘူး။ ကနဦး တွေ့ရှိချက်တွေအရ အဲဒီ အမှုန့်တွေဟာ အန္တရာယ် ရှိတဲ့ ဓာတ်ပစ္စည်းတွေ မဟုတ်မှန်း သိခဲ့ရပေမယ့် အသေးစိတ် စစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် ဓာတ်ခွဲခန်း တစ်ခုဆီ လွှဲပြောင်းပေးလိုက်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတရဲ့ အထူးလုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတွေက အဲဒီ အဖြူမှုန့်တွေကို ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို လုံခြုံရေး စစ်ဆေးမှုတွေ ပြုလုပ်ပြီး ဖုန်းတွေ ယာယီ ထိန်းသိမ်းလေ့ရှိတဲ့ နေရာက ကတ်ထူစက္ကူ ပုံးတစ်လုံးထဲမှာ တွေ့ခဲ့တာလို့ ဆိုပါတယ်။

မသင်္ကာစရာ အမှုန့်တွေ တွေ့ရှိတဲ့ အိမ်ဖြူတော် အနောက်ဖက်ဝင်းဟာ ကျယ်ဝန်းပြီး သမ္မတ ရုံးထိုင်တဲ့ နေရာဖြစ်တဲ့ ဘဲဥပုံ ရုံးခန်းလည်း တည်ရှိပါတယ်။ ဒါ့အပြင် ဒုတိယ သမ္မတ၊ အိမ်ဖြူတော် ဝန်ထမ်းရေးရာ အကြီးအကဲ၊ ပြန်ကြားရေး အရာရှိတို့ရဲ့ ရုံးခန်းတွေပါ ရှိနေပြီး ရာနဲ့ချီတဲ့ ဝန်ထမ်းတွေ ဝင်ထွက်သွားလာနေတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရားရုံးရဲ့ ပစ္စည်းသက်သေတွေ ထိန်းသိမ်းရာ အခန်းထဲကနေ ဒေါ်လာသန်းချီတန်တဲ့ ကိုကင်းမှုန့်တွေကို ဂျုံမှုန့်နဲ့ အလဲခံထားရတဲ့ ဖြစ်စဉ်ကို ဖီဂျီရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။

နိုင်ငံတကာ

အမေရိကန်က တရုတ်ဆီကို တကယ်တမ်း လက်နက်ရောင်းဖို့ အစီအစဉ် မရှိပါဘူးလို့ အိမ်ဖြူတော်က ရှင်းလင်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်းတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစား အလိုအလျောက် လက်မှတ်ထိုးစက် (autopen)ပုံ ချိတ်ထားတာကို ဒေါ်နယ်လ်ထရမ့်က ဧည့်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ဧည့်သည်တော် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခမ်းနားထည်ဝါတဲ့ အိမ်ဖြူတော် ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီး အမေရိကန်ရဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Facebook