Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တိုင်း စစ်ဒေသ ၅၁၀၃ အတွက် ကျပ်သိန်း ၁၃၀၀ ကျော် ထောက်ပံ့နိုင်ခဲ့တဲ့ နှစ်ပါးသဘင်ပြည်တော်ဝင်

တော်လှန် CDM သဘင်ပညာရှင်တွေစုပေါင်းတင်ဆက်ခဲ့တဲ့ နှစ်ပါးသဘင်ပြည်တော်ဝင်‌ ဖျော်ဖြေပွဲက ရရှိခဲ့တဲ့ ဘတ် တစ်သန်းကျော် (မြန်မာငွေသိန်း ၁၃၀၀ကျော်) ကို လက်ခံရရှိကြောင်း P25103-Yangon Battalion က အသိပေးထားပါတယ်။

အောက်တိုဘာ-၁၊၂၀၂၆။ဆဏ်း/People’s Spring

တော်လှန် CDM သဘင်ပညာရှင်တွေစုပေါင်းတင်ဆက်ခဲ့တဲ့ နှစ်ပါးသဘင်ပြည်တော်ဝင်‌ ဖျော်ဖြေပွဲက ရရှိခဲ့တဲ့ ဘတ် တစ်သန်းကျော် (မြန်မာငွေသိန်း ၁၃၀၀ကျော်) ကို လက်ခံရရှိကြောင်း P25103-Yangon Battalion က အသိပေးထားပါတယ်။

ပါဝင်ကူညီပေးခဲ့ကြသော အလှူရှင်များအားလုံးနှင့် နှစ်ပါးသဘင်ပြည်တော်ဝင် အဖွဲ့သူ အဖွဲ့သားများအား လုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်းလည်း မှတ်တမ်းတင် ထုတ်ပြန်ထားပါတယ်။

နှစ်ပါးသဘင်ပြည်တော်ဝင်ဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက် မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ အွန်လိုင်းကနေ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီပွဲ ပြုလုပ်တဲ့ အချိန်ကတည်းက လက်မှတ်ရောင်းရငွေအားလုံးကို ရန်ကုန်တိုင်း စစ်ဒေသ-၂ ၊တပ်ရင်း(၅၁၀၃) အတွက် စစ်ရေးဖော်ဆောင်ရာမှာ အသုံးပြုဖို့ ထောက်ပံ့သွားမယ်လို့ အသိပေးခဲ့တာပါ။

“အခက်အခဲများကြားမှ မျှဝေပေးခဲ့ကြသည့် စေတနာနှင့် အားပေးကူညီမှုတိုင်းကို တန်ဖိုးထားလေးစားစွာ မှတ်တမ်းတင်ထားရှိပါမည်။ပါဝင်ကူညီပေးခဲ့ကြသူ တစ်ဦးချင်းစီအားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်။ “လို့ P25103-Yangon Battalion က ကျေးဇူးတင်စကားရေးသားထားပါတယ်။

ဒီပွဲမှာ တော်လှန် CDM သဘင်ပညာရှင်တွေဖြစ်တဲ့ ရန်ငြိမ်းသူ ၊ အောင်မြင်ဗိုလ် ၊ သားအောင်ဆက် ၊ ဝါဝါလှိုင် တို့နဲ့ အတူ အခြားသဘင်ပညာရှင်တွေ ပူးပေါင်းတင်ဆက်ပေးထားတာပါ။ လူရွှင်တော်အဖွဲ့အနေနဲ့ နွေဦးကာရံ ဒေါင်းတို့ အားမာန် အဖွဲ့ က ပါဝင်တင်ဆက်ထားပြီး ဒီပွဲအတွက် ဂီတပိုင်းကိုတော့ သောင်ရင်းသုခမ အဖွဲ့က ပါဝင်အားဖြည့်ထားတာဖြစ်ပါတယ်။

တော်လှန်သဘင်အနုပညာရှင်တွေက ဧပြီလကလည်းအောင်ဆန်းမျိုးဆက် ရဲဘော်တွေ ကို ပံ့ပိုးပေးဖို့ မြန်မာဇာတ်ပွဲကြည့်ရအောင် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်းအတွက်စုဖွဲ့မယ့် တပ်ရင်းသစ် ၁ခု ထပ်မံတိုးချဲ့ပြီး တပ်သားသစ်တွေ ဖိတ်ခေါ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ Myanmar Defense Force တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ် (၁)ရပ်ကွက်က စက်ဘီးခိုးမှုကျူးလွန်သူဆိုတဲ့အမျိုးသားကိုရပ်ကွက်ရုံးကဖမ်းဆီးပြီးစစ်တပ်ထံ အပ်နှံပေးလိုက်လို့ စစ်မှုထမ်းဖို့ပါသွားတယ်လို့ ရပ်ကွက်နေသူနဲ့ ရုံးပိုင်ဆိုင် ရာနီးစပ်သူတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၁)မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မတ်လ ၂၇)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။