Connect with us

Hi, what are you looking for?

သတင်း

နေကောင်းကျန်းမာကြောင်း အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး အသိပေး

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကြုံခဲ့ရတဲ့ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက နေကောင်း ကျန်းမာအေးဆေးကြောင်း ဒီကနေ့ အောက်တိုဘာ ၃ရက်မှာ အသိပေးပါတယ်။

ဓာတ်ပုံ - Aung San Shar/FB

အောက်တိုဘာ-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ကြုံခဲ့ရတဲ့ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက နေကောင်း ကျန်းမာအေးဆေးကြောင်း ဒီကနေ့ အောက်တိုဘာ ၃ရက်မှာ အသိပေးပါတယ်။

စစ်တပ်က အထူးတိုင်းစစ်ဌာနရဲ့ တပ်စခန်းတနေရာကို စက်တင်ဘာ ၂၄ရက်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM တပ်ကြပ်ကြီးနေဝင်းအောင်နဲ့ ရဲဘော် ၄ဦး စုစုပေါင်း ၅ဦး ကျဆုံးကာ ၃ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားလည်း ပါဝင်ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။​ ဒါပေမဲ့ တိုင်းစစ်ဌာနက တရားဝင် ထုတ်ပြန်တာ မရှိပါဘူး။

လေကြောင်းဗုံးကြဲခံရပြီး ၉ရက်မြောက်နေ့ ဖြစ်တဲ့ အောက်တိုဘာ ၃ရက်မှာတော့ ရဲဘော်အောင်စံရှားက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ယူနီဖောင်းနဲ့ ရိုက်ကူးထားတဲ့ သူ့ရဲ့ ဓာတ်ပုံကို ဖော်ပြကာ ကျန်းမာနေကောင်းကြောင်း အသိပေးလာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

PDF တပ်မှူးတစ်ဦးကတော့ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ရဲဘော်အောင်စံရှား ဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ်စရာမရှိကြောင်း စက်တင်ဘာ ၂၄ရက်ကတည်းက ပြောပြပါတယ်။

ဒါ့အပြင် ရဲဘော်အောင်စံရှားဟာ စက်တင်ဘာ ၂၅ရက်မှာ ပြုလုပ်တဲ့ တိုင်းစစ်ဌာနရဲ့ ရန်ပုံငွေရှာဖွေရေး အစီအစဉ် တခုဖြစ်တဲ့ ဝိုင်းချစ်မယ့်တိုင်းစစ် ကမ်ပိန်းကတဆင့်လည်း မစိုးရိမ်ကြဖို့ သတင်းစကား စာနဲ့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အတူတူ သန်မာကြဖို့၊ လိုအပ်တဲ့နေရာတွေမှာ ဝိုင်းအားဖြည့်ကြဖို့ ရဲဘော်အောင်စံရှားက နှိုးဆော်ခဲ့ပါတယ်။

ရဲဘော်အောင်စံရှားလိုပဲ အထူးတိုင်းစစ်ဌာနရဲဘော်တွေကလည်း ရန်သူ့လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက်မှုတွေရှိခဲ့ပေမယ့် လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ အသိပေးခဲ့ပါတယ်။

“ဒီလိုမျိုး(လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်)ဖြစ်လာပြီဆိုရင် ကျနော်တို့က ဒီထက်ပိုခွန်အားပြဖို့လိုပါတယ်။ ဟေ့ရောင် မင်းတို့ပဲ လုပ်နိုင်တာမဟုတ်ဘူး ငါတို့လည်းလုပ်နိုင်တယ်ဆိုတဲ့ခွန်အားမျိုးကို ပြဖို့ လိုပါတယ်”လို့ အထူးတိုင်းစစ်ဌာန ရဲဘော်စည်သူက ပြောပါတယ်။ ဒီလိုခွန်အားပြနိုင်ဖို့ စစ်ဆင်ရေးအတွက်

လိုအပ်တဲ့ ခဲယမ်းရိက္ခာတွေ ဖြည့်တင်းမှရမယ်လို့ ပြောပြပြီး တော်လှန်ပြည်သူတွေအနေနဲ့ အထူးတိုင်းစစ်ဌာနရဲ့ ကမ်ပိန်းကို တတ်နိုင်သမျှ ပံ့ပိုး ပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။

အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၁၂ ရင်း၊ ဒရုန်းနဲ့ လက်ရုံးအထူးတပ်ဖွဲ့ ၇ ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်းနဲ့ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့တို့ ပါဝင်ပါတယ်။ အဲဒီ တပ်ဖွဲများကို နည်းဗျူဟာ ၄ ခုဖြင့် စုဖွဲ့ထားပြီး ကရင်ပြည်နယ် KNU တပ်မဟာ (၆) နယ်မြေ၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသတွေမှာ စစ်ရေးလှုပ်ရှားလျက်ရှိတယ်လို့ အထူးတိုင်းစစ်ဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာနရဲ့ ဆက်သွယ်ရေးစခန်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရတာဟာ ရန်သူက ဖမ်းမိသွားတဲ့ တပ်ပြေး၊နှုတ်ထွက် ရဲဘော်တွေနဲ့ ရန်သူ့ထံ ဘက်ပြောင်း ခိုလှုံသွားသူတွေရဲ့ သတင်းပေးထွက်ဆိုချက်ဟာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ စုံစမ်းသိရကြောင်း အထူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း အထူးတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အထူးတိုင်းစစ်ဌာနက PDF တပ်ရင်းသစ် ၃ခု ထပ်တိုးဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ဖေဖော်ဝါရီ ၂၄ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

နွေဦးတော်လှန်ရေး တပ်တွေအားလုံးပေါင်းစုစည်းပြီး စစ်တပ်ကို ထိုးစစ်ဆင်နိုင်ဖို့ ဘယ်လိုစိန်ခေါ်မှုနဲ့ အခွင့်အလမ်းတွေရှိပါသလဲ။

Trending

Facebook