မတ်-၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနရဲ့ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ ကျင်းပခဲ့ကြောင်း အထူးတိုင်း စစ်ဌာနက ထုတ်ပြန်ပါတယ်။
အထူးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်း ၊တပ်ဖွဲ့များမှ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြတဲ့ အဲဒီ သင်တန်းဆင်းပွဲကို ပဲခူးတိုင်းအတွင်းရှိ၊ အထူးတိုင်းစစ်ဌာန၏ အမှတ်-၂ လေ့ကျင့်ရေးသင်တန်းကျောင်းမှာ မတ်လ ၄ရက်က ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
” အထူးတိုင်းစစ်ဌာန အနေနဲ့ အခြေခံစစ်သင်တန်းတွေနဲ့ စုဖွဲ့မွန်းမံသင်တန်း လေ့ကျင့်ရေးတွေဆောင်ရွက်နေပြီး သင်တန်းဆင်းရဲဘော်အင်အားသစ်တွေကို စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးတွေမှာ အားဖြည့်သွားမှာပါ”လို့ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

Public Service Announcement

အခမ်းအနားကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ဦးစီးချုပ်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သလို စစ်ရုံးချုပ်မှစစ်ရေးချုပ်နဲ့ စစ်ထောက်လှမ်းရေးချုပ်က သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့တယ်လို့ ဖော်ပြပါတယ်။
အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူးကလည်း သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး ထူးချွန်ကျောင်းသားတွေကို စစ်ရုံးချုပ်၊ ဒု-စစ်ထောက်ချုပ်က ဂုဏ်ပြုဆုငွေပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
အထူးတိုင်းစစ်ဌာနဟာ ကရင်၊ မွန်ပြည်နယ်တွေမှာ အခြေပြုဖွဲစည်းထားတဲ့ PDF နည်းဗျူဟာတွေ တပ်ရင်းတပ်ဖွဲတွေ၊ ပကဖတွေနဲ့ စုဖွဲထားတဲ့ တိုင်းစစ်ဌာနဖြစ်ပြီး KNU/KNLAတပ်တွေနဲ့အတူ ကရင်၊မွန်၊ ရေး-ထားဝယ်ဒေသတိုမှာစစ်ရေးဖော်ဆောင်နေသလိုပဲခူးတိုင်းစစ်ဌာန၊ ရန်ကုန်တိုင်းစစ်ဌာနတိုနဲ့ ပူးပေါင်းပြီးပဲခူးတိုင်းနယ်မြေအချိုမှာလည်း စစ်ရေးဖော်ဆောင်နေပါတယ်။
အထူးတိုင်း စစ်ဌာနက PDF တပ်ရင်းသစ်တွေ တိုးချဲ့ဖွဲ့စည်းတာတွေလည်း လုပ်ဆောင်လျက်ရှိပါတယ်။ အထူးတိုင်းစစ်ဌာနအနေနဲ့ COC နှစ်ရပ်နဲ့အညီ ခိုင်မာအားကောင်းတဲ့တိုင်းစစ်ဌာနအဖြစ် စစ်ရေးတွေ ပိုမိုဖော်ဆောင်နိုင်ဖို့ လုပ်ဆောင်နေကြောင်း တိုင်းစစ်ဌာနက အသိပေးထားပါတယ်။
အထူးတိုင်းစစ်ဌာန စတင်ဖွဲ့စည်းချိန် ၂၀၂၅ ဧပြီ မှာ တိုင်းစစ်ဌာနအောက် နည်းဗျူဟာ (၅) ခုရှိပြီး တရားဝင် ကွပ်ကဲမှုခံယူထားသော တိုက်ခိုက်ရေးတပ်ရင်း (၁၁) ရင်းနဲ့ ဒရုန်းလက်ရုံးတပ်ဖွဲ (၅) ဖွဲ့ ရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ (ပကဖ) များဖြစ်တဲ့ ရန်ကုန်၊ ပဲခူး၊ မွန် ပကဖ တပ်ဖွဲများကို စနစ်တကျစုစည်းပြီး တိုက်ခိုက်ရေးစစ်ကြောင်း (၃) ကြောင်း ဖွဲစည်းထားပါတယ်။ နောက်ပိုင်းမှာ တပ်ရင်းတွေ ထပ်တိုးဖွဲ့စည်းနိုင်ခဲ့လို့ လက်ရှိမှာ တိုင်းစစ်ဌာနအောက် မှာ တပ်ရင်း ၁၅ရင်း၊ ပကစ စစ်ကြောင်း ၃ကြောင်း၊ ဒရုန်းတပ်ဖွဲ့ ၆ဖွဲ့ ရှိထားပြီဖြစ်ပါတယ်။
အထူးတိုင်းစစ်ဌာနမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နည်းဗျူဟာ ၂၇၊ နည်းဗျူဟာ ၃၂၊ နည်းဗျူဟာ ၃၃၊ နည်းဗျူဟာ ၃၆၊ နည်းဗျူဟာ ၃၇ ၊ စုစုပေါင်း နည်းဗျူဟာ (၅) ခုနဲ့ စုဖွဲထားပါတယ်။
တိုင်းစစ်ဌာနကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့တွေကတော့ အမှတ် ၇၈၀၁ တပ်ရင်း၊ အမှတ် ၇၈၀၂ တပ်ရင်း၊ အမှတ် ၇၈၀၄ တပ်ရင်း၊ အမှတ် ၇၈၀၅ တပ်ရင်း၊ ကော်ဘရာတပ်ရင်း(စစ်ကြောင်း ၁/၂)၊ကျားသစ်နက်တပ်ရင်း၊ ဒေါနတပ်ရင်း (စစ်ကြောင်း ၁/၂/၃)၊ တောင်ညိုတပ်ရင်း၊ Southern Eagle တပ်ရင်း၊ နဂါးဖြူတပ်ရင်း၊ SOG တပ်ရင်း၊ အမှတ် (၈၀၀၁)တပ်ရင်း၊ ၁၈၀၁ ဒရုန်းတပ်ရင်း၊ SDDF ဒရုန်းအထူးတပ်ဖွဲ၊ ရောင်နီ ဒရုန်းအထူးတပ်ဖွဲ နှင့် Cloud Wings ဒရုန်းအထူးတပ်ဖွဲ ၊အမှတ်(၁၈၁၉) ဒရုန်းတပ်ဖွဲ တိုရှိထားပြီးအခု ထပ်တိုးလာတဲ့ တပ်ရင်းတွေကတော့ အမှတ် (၈၀၀၂) တပ်ရင်း – KANBAUK DEFENCE FORCE၊ အမှတ် (၈၀၀၃) တပ်ရင်းနဲ့ အမှတ် (၉၉၂၅) တပ်ရင်း – RANGOON WARRIORS PDFတို့ ဖြစ်ပါတယ်။
ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန


















































