အောက်တိုဘာ ၁၀၊ ၂၀၂၆။ ထားမြတ်/People’s Spring
လက်နက်ကိုင်တပ် ၁၉ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြောင်း SCEFက အောက်တိုဘာ ၁၀ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
စက်တင်ဘာလကုန်ပိုင်းမှာ ၃ရက်ကြာကျင်းပခဲ့တဲ့ SRA ရဲ့ ညီလာခံဖွင့်ပွဲကို SCEF မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ SCEF ညှိနှိင်းရေးမှူး ဒေါက်တာဇော်ဝေစိုး၊ တွဲဘက်ညှိနှိင်းရေးမှူး Salai Ram Kulh Cung၊ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိင်း ကွပ်ကဲရေးကော်မတီအဖွဲဝင် ဦးရည်မွန်၊ SCEF အတွင်းရေးမှူး အဖွဲဝင် ဦးမြင့်အောင်မိုး တို့ တက်ရောက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
အခမ်းအနားမှာ ယာယီသမ္မတ ဒူဝါလရှီးလက SCEF ကိုယ်စား အမှာစကားပြောကြားခဲ့ကြောင်း အသိပေးပါတယ်။

Public Service Announcement
SCEFဟာ နွေဦးတော်လှန်ရေးမဟာမိတ် တပ်ပေါင်းစုနဲ့ တွေ့ဆုံပြီး စစ်ရေးအပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ဆွေးနွေးထားသလို SRAကလည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး မဟာမိတ်တွေ ၊ မိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
SRA ရဲ့ ညီလာခံဖွင့်ပွဲ အခမ်းအနားကို အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်လည်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။
SRA ရဲ့ ညီလာခံအပြီး ထုတ်ပြန်ချက်မှာတော့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပေါ်ပေါက်ရေးအတွက် မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ ဟန်ချက်ညီလက်တွဲတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။



















































