Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန် တိုက်ခိုက်မှုတွေကြောင့် ဟောမုဇ်မှာ ၂၄ နာရီအတွင်း သင်္ဘောနှစ်စီး နစ်မြုပ်

အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟောမုဇ် ရေလက်ကြားထဲမှာ ၂၄ နာရီအတွင်း သင်္ဘောနှစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟောမုဇ် ရေလက်ကြားထဲမှာ ၂၄ နာရီအတွင်း သင်္ဘောနှစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

ကွန်တိန်နာတွေတင်တဲ့ သင်္ဘောတစ်စီးနဲ့ သတ္တုရိုင်းတွေတင်တဲ့ သင်္ဘောတစ်စီးတို့ဟာ သီးခြားဖြစ်စဉ် နှစ်ခုမှာ ဒုံးကျည်၊ ဒါမှမဟုတ် ဒရုန်းတွေနဲ့ တိုက်ခိုက်တာ ခံရပြီး နစ်မြုပ်ခဲ့ကြတာ ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်မှု စီမံခန့်ခွဲရေး အရာရှိတွေက အောက်တိုဘာ ၁၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံ တောင်ပိုင်းမှာ တည်ရှိပြီး နိုင်ငံတကာ ရေနံနဲ့ စွမ်းအင်ထုတ်ကုန်တွေ ပို့ဆောင်မှုမှာ အချက်အခြာ မဟာဗျူဟာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်မှာ လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း တိုက်ခိုက်မှုတွေကို ပိုမို အရှိန်မြှင့် လုပ်ဆောင်နေကြောင်း အီရန်ကလည်း အတည်ပြုထားပါတယ်။

ဟောမုဇ်ရေလက်ကြားအထွက် ရေပြင်မှာ အမေရိကန် ရေတပ်ကို ဖြန့်ကျက်ထားပြီး အီရန်ကုန်တင်သင်္ဘောတွေကို ပိတ်ဆို့ထားတဲ့ လုပ်ရပ်အတွက် အခုလို တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်နေတာလို့ အီရန်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စင်ကာပူအလံ လွှင့်ထူထားတဲ့ ကွန်တိန်နာတင် အသေးစား ကုန်တင်သင်္ဘော GFS Prideဟာ အောက်တိုဘာ ၁၃ ရက်နေ့မှာ ရေလက်ကြားကို ဖြတ်သန်းခုတ်မောင်းနေရင်း တိုက်ခိုက်ခံရလို့ နစ်မြုပ်ခဲ့ပါတယ်။ သင်္ဘောသား ၂၁ ဦးစလုံးကိုတော့ အထိအခိုက် မရှိဘဲ ဘေးကင်းကင်းနဲ့ ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ (MPA)က ထုတ်ပြန်ပါတယ်။

နောက်ထပ် ဖြစ်စဉ် တစ်ခုမှာတော့ အာတီဂွာ-ဘာဘူဒါအလံ လွှင့်ထားတဲ့ Cape Dao သင်္ဘောဟာလည်း အောက်တိုဘာ ၁၃ ရက်နေ့မှာ နစ်မြုပ်သွားခဲ့ပါတယ်။ အဲဒီ သင်္ဘောဟာ စက်တင်ဘာ ၂၃ ရက်နေ့တုန်းက အမျိုးအမည်မသိ ခဲယမ်းလက်နက် တစ်ခုခုနဲ့ ပစ်ခတ်ခံရပြီး ပျက်စီးနေခဲ့ရာက အခုတော့ နစ်မြုပ်သွားတာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုအတွင်း သင်္ဘောသား ၁ ဦးသေဆုံးပြီး ကျန်တဲ့သူတွေကိုတော့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ သင်္ဘောကို စီမံခန့်ခွဲတဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)နိုင်ငံ အခြေစိုက် Peonies Shipmanagement FZE ကုမ္ပဏီကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

MPAက ဟောမုဇ်မှာ အရပ်ဖက် ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ လုပ်ရပ်တွေအပေါ် ရှုတ်ချကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေဟာ တစ်ဖက်သတ် ရန်လိုမှုမျိုးဖြစ်ပြီး ဘယ်လို အကြောင်းပြချက်မျိုးမှ ပေးလို့မရကြောင်း၊ ပြီးတော့ နိုင်ငံတကာ ဥပဒေတွေကိုလည်း ချိုးဖောက်နေကြောင်း MPAက ဆိုပါတယ်။

အီရန်ကတော့ အမေရိကန်နဲ့ စစ်ပွဲစတင်ချိန် ကတည်းက အမေရိကန်အပေါ် ဖိအားပေးနိုင်မယ့် ဗျူဟာတစ်ခုအဖြစ် ဟောမုဇ်ကို ပိတ်ချထားပြီး ခွင့်ပြုချက် မရှိဘဲ ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် ရေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ အကျိုးဆက် အနေနဲ့ ဟောမုဇ်မှာ သင်္ဘောအသွားအလာ အရမ်းနည်းပါးသွားပြီး နိုင်ငံတကာ ရေနံတင်ပို့မှု ကွန်ရက်ကို ထိခိုက်လာစေသလို လောင်စာဆီ စျေးတွေလည်း မြင့်တက်လာပါတယ်။

အီရန်နဲ့ အမေရိကန်ကြား စစ်ပွဲစတင်ချိန် ကတည်းက လက်ရှိအချိန်ထိ ဟောမုဇ် ရေလက်ကြားမှာ တိုက်ခိုက်ခံရပြီး နစ်မြုပ်သွားတဲ့ သင်္ဘော ၃ စီး ရှိခဲ့ပါပြီ။ မတ်လတုန်းကလည်း မော်လ်တာအလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘော Saffen Prestigeဟာ တာဝေးပစ် လက်နက်တစ်ခု ထိမှန်ပြီး နစ်မြုပ်သွားပါတယ်။

ပြီးတော့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ဟာ ဧပြီလမှာ ကွန်တိန်နာတင် သင်္ဘောတစ်စီးဖြစ်တဲ့ MSC Francescaပေါ် တက်ရောက်စီးနင်းပြီး သင်္ဘောကို ထိန်းချုပ် သိမ်းယူခဲ့ပါတယ်။

ကိုးကား: Washington Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ပွဲကို အဆုံးသတ်ဖို့ဆိုရင် အီရန်ဟာ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုတွေကို အမေရိကန်က လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ပမာဏထိ လျှော့ချရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ကို မထောက်ခံတဲ့ အဓိက မြို့ကြီးတွေကို အီရန်က ဖျက်ဆီးရင်တောင် ခွင့်ပြုမယ်လို့ အဓိပ္ပါယ် နှစ်ခွထွက်တဲ့ စကားမျိုး ပြောခဲ့လို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကိုအတိုက်အခံ ဒီမိုကရက် ပါတီအမတ်တွေက ဝေဖန်နေကြပါတယ်။

နိုင်ငံတကာ

အီရန် စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိတွေက စမတ် လက်ပတ်နာရီတွေ ဝတ်ဆင်နေတာနဲ့ ပတ်သက်ပြီး လုံခြုံရေးစည်း ကျိုးပေါက်နိုင်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။