Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်မြို့နယ်မှာ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

(အညာ​ဒေသမှာရှိတဲ့ PDF တပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ)

အောက်တိုဘာ-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA)က စစ်ကြောင်းထိုးလာလို့ ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဝန်းသိုနဲ့ ဗန်းမောက်မြို့နယ်ကြားက ကျေးရွာတစ်ရွာအနီးမှာအောက်တိုဘာ ၁၄ရက်ညပိုင်းက တိုက်ပွဲဖြစ်ခဲ့တာလို့ ဗန်းမောက်မြို့ခံတချို့က ပြောပါတယ်။

“ရှမ်းနီက စစ်ကြောင်းထွက်လာတာ။ထိတွေ့တိုက်ပွဲမျိုး။ဒီနေ့မနက်လည်း ပစ်ခတ်သံကြားရတယ်။ ဝန်းသိုဖက်က စစ်ကြောင်းသတင်းတွေလည်း တနယ်လုံးနားစွင့်နေရတယ်”လို့ ဗန်း‌မောက်မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအ​ခြေအ​​နေအ​သေးစိပ်ကို​တော့မသိရ​သေးပါဘူး။

အင်းတော်မြို့ကနေထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာဝန်းသိုမြို့နယ်ကိုရောက်နေပြီး ဝန်းသိုမြို့ဘက်ကိုဦးတည်နေသလိုဗန်မောက်မြို့ဘက်ကိုလည်းလာနိုင်တယ်လို့လည်းတော်လှန်ရေးတပ်တွေက ခန့်မှန်းထားပါတယ်။ အဲဒီစစ်​ကြောင်း​​​တွေကို အင်း​တော်မြို့နယ်​တောင်ပိုင်းမှာ ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်တာ​ကြောင့် ​သေဆုံးဒဏ်ရာရသူများပြီး စစ်တပ်က ​သေဆုံးဒဏ်ရာရသူ​တွေကို ကားတန်းနဲ့သယ်ထုတ်သလို စစ်ကူ​တွေကိုလည်းဆက်တိုက်ဖြည့်ခဲ့တယ် လို့​မြေပြင်စစ်​ရေးအ​ခြေအ​နေသိတဲ့စစ်​ရေးရင်းမြစ်အချို့က​ပြောပါတယ် ။

ဗန်းမောက်မြို့နယ် တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ စီးမော်၊ နားမော်၊ပေပင်၊ ကျောက်အိုင်ရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ စတင်တိမ်းရှောင်နေတယ်လို့သိရပါတယ်။

“စစ်ကြောင်းက ဘယ်ကို ခွဲထွက်မလဲမသိနိုင်ဘူး။ဝန်းသို့ကစကစတပ်တွေရော၊ဗန်းမောက်က တပ်တွေရောကတော့ တလှုပ်လှုပ်ပဲ။ ဒေသခံတွေကတော့ တိမ်းရမှာ”လို့ ဗန်း‌မောက်မြို့ခံက ပြောပါတယ်။

ဒေသတွင်းမှာစစ်တပ်ကနယ်မြေထိန်းချုပ်စိုးမိုးနိုင်ရေး ကြိုးပမ်းနေပြီး လေကြောင်းကနေ အချိန်မရွေးပစ်ခတ်နိုင်တာကို သတိပြုဖို့နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကိုသတိပြုဖို့ ကောလင်းခရိုင် ၊ အမှတ်(၄)တပ်ရင်းက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

လူမှုကွန်ရက်သုံးစွဲမှုကို ဂရုပြုဖို့၊ လူစုလူဝေးနေ‌ထိုင်မှုကို ရှောင်ရှားပေးဖို့နဲ့ ဘုန်း‌တော်ကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ ဝေးရာမှာနေထိုင်ကြဖို့အပြင် အရေးပေါ်အခြေအနေကြုံတွေ့လာခဲ့ရင် တည်ငြိမ်စွာဖြေရှင်းဖို့နဲ့ လိုအပ်တဲ့အကူအညီတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ ဆက်သွယ်တောင်းခံဖို့လည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ရွာအခြေစိုက် အမှတ် (၃၁၈) အမြောက်တပ်ရင်းကနေ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာဘက်ဆီ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၆) တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့တယ် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

သတင်း

ရှမ်းမြောက်က မိုးမိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာအနီးက (၇)မိုင်ရွာဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ