အောက်တိုဘာ−၂၁၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။
ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ထိစပ်ဒေသမှာ အောက်တိုဘာလလယ်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တာပါ။
” မနေ့ကညမနက်ပိုင်းနဲ့ နေ့ခင်းပိုင်းမှာ နမ့်ပုတ်ရွာဆေးခန်းအနီးနဲ့ တုံပင်ရွာကို ဗုံးကြဲတယ်။ အဲ့ဒီနေ့ရာတွေက KIA ရော PDF ရော မရှိဘူး။ ဒီနေ့မနက်လည်း လေယာဉ်ဝဲနေတယ်” လို့ ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
လက်ရှိတိုက်ပွဲဟာ ဥရုချောင်းရိုးဘေးရွာတွေဖြစ်တဲ့ ဆည်ဇင်းရွာ၊ တာမယ်ပုတ်ရွာနဲ့ သောင်ဦးရွာပတ်ဝန်းကျင်မှာဖြစ်နေပြီး စစ်ကောင်စီက ရှမ်းနီအမျိုးသားများတပ်မတော် (SNA)တပ်တွေကို အဓိက အသုံးပြုနေတယ်လို့ သိရပါတယ်။SNAက စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံအနေနဲ့ ကချင်နဲ့စစ်ကိုင်းတိုင်းက စစ်ရေးနယ်မြေတွေမှာ ပါဝင်တိုက်ခိုက်နေပြီး တပ်ဖွဲ့ဝင်တချို့ဟာ တော်လှန်ရေးတပ်တွေထံအလင်းဝင်တာလည်း ရှိနေပါတယ်။ဖားကန့်မြို့ပေါ်မှာလည်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေရှိနေပြီး ညစဉ် ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
” ညကဆို အတွဲလိုက်ပစ်သံတွေ ဆူညံနေတာ။ စစ်တပ်က ရမ်းပစ်နေတာ ဟုတ်တယ်။ စစ်ကြောင်းတွေလည်း အများကြီးဖြန့်ထားတယ်ဆိုတော့ သွားရလာရ မကောင်းတော့ဘူး”လို့ ဖားကန့်ဒေသခံတစ်ဦးက ဒီuနေ့ အောက်တိုဘာ ၂၁ရက်မနက်ပိုင်းမှာ ပြောပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ် မြို့နယ်တချို့မှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်နေပြီး ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်ကိုအထူးသတိပြုကြဖို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။
စစ်wyfက ယခုရက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တွေကို လေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေများပြားနေပါတယ်။အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဖိနှိပ်သတ်ဖြတ်ခြင်းက အကြမ်းဖက်စစ်တပ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (စစ်ရုံးချုပ်)က အောက်တိုဘာလ ၁၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။




















































