Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့အနီးဝန်းကျင် စစ်တပ်စစ်ကြောင်းထိုးနေလို့ နေ့စဉ်တိုက်ပွဲဖြစ်နေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဘ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(KIA ဂေါ်ရခါးတပ်ဖွဲ့ဝင်များကို စစ်တပ်ရဲ့ကင်းစခန်းတစ်ခုသိမ်းအပြီး တွေ့ရစဉ်။ ဓာတ်ပုံ-Jithu Magar)

အောက်တိုဘာ ၂၃၊ ၂၀၂၆။ အိမ်သွင်၊ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဘ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာကတည်းက စစ်တပ်ဟာ ဗန်းမော်မြို့ကို ရေကြောင်းကနေ အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေလို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ရေကြောင်းက ဖြည့်တင်းတဲ့ စစ်တပ်အင်အား ၁၀၀၀ ကျော်ရှိပြီး အများစုဟာ စစ်တပ် အဓမ္မစစ်သားစုဆောင်းခဲ့တဲ့ စစ်မှုထမ်းတပ်သားသစ်တွေလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က အသိပေးထားပါတယ်။

လတ်တလော တိုက်ပွဲဖြစ်နေတာဟာ ဗန်းမော်မြို့တွင်းနေရာအချို့ ဗန်းမော်မြို့ကနေ မံစီမြို့အထွက် နေရာတွေမှာ ဖြစ်နေတာမို့ မံစီမြို့ကို စစ်တပ်ထိုးစစ်တွေ ဦးတည်တယ်ဆိုတဲ့ သတင်းတွေရှိနေတာလို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

” မံစီမြို့က ဗန်းမော်နဲ့ ၁၁မိုင် အကျော်မှာ ရှိတာ။ ဟိုလွန်ခဲ့တဲ့ လက သင်္ဘောလာပြီး နောက်တက်လာတဲ့ ကောင်ဂျာယန်က ၅မိုင်အကွာမှာ ရှိတာ။ မံစီနယ်ရောက်ဖို့ ၈မိုင်လောက်မှ ရောက်မှာ။ လက်ရှိ ဖြစ်နေတာက ၄၇ တပ်ရှိတဲ့နေရာနား တ၀ိုက် ၃မိုင်၊ ၄မိုင်နားမှာပါပဲ။ဆင်ကုန်း၊ ဟန်တဲ၊ ကုန်းမဟတ်၊ ၃မိုင် မြို့ရှောင်လမ်းမှာပါ” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေကို ပြောပြပါတယ်။

စစ်တပ်အနေနဲ့ အင်အားဖြည့် ထိုးစစ်လုပ်နေပေမဲ့ ဗန်းမော်မြို့ကနေ (၅)မိုင်အထက် ထွက်လာနိုင်မယ်မထင်ကြောင်းသတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ မံစီနဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့ရာ မံစီမြို့က တပ်ရင်းဌာနချုပ်တွေဖြစ်တဲ့ ခမရ(၃၁၉)၊ ခမရ(၆၀၁)နဲ့ အမြောက်တပ် (၃၅၂)တပ်ရင်းတို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ မံစီနဲ့ အတူ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေးကို တပြိုင်တည်း ဖော်ဆောင်ခဲ့ရာ ဗန်းမော်တိုက်ပွဲဟာ ၂နှစ်နီးပါးရှိလာပြီဖြစ်ပါတယ်။

အဲဒီ မြို့သိမ်းတိုက်ပွဲတွေ မဖြစ်ခင်ကတည်းက ကောင်ဂျာယန်ဒေသ အပါအဝင် ဒေသတွင်းကို KIAက ထိန်းချုပ်ထားတာဖြစ်ပြီး ဗန်းမော်က စစ်ကောင်စီတပ်တွေဟာ မံစီတိုက်ပွဲတွေကိုကူဖို့ ထိုးဖောက်ပေမဲ့ KIA ထိန်းချုပ်ဒေသတွေကနေ ဖောက်မထွက်နိုင်ခဲ့ဖူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

အခုနှစ် စက်တင်ဘာမှာ ရေကြောင်းကနေ ဗန်းမော်မြို့ကို စစ်အင်အား ၁၀၀၀ ကျော်ဖြည့်ပြီးနောက်ပိုင်းမှာလည်း စစ်တပ်ဟာ ဗန်းမော်ကနေ မံစီမြို့ကို ဦးတည်တဲ့ ထိုးစစ်ဆင်မှု လုပ်ဆောင်ခဲ့ရာကောင်ဂျာယန် ဒေသမှာ တိုက်ခိုက်ခံရပြီး စစ်ကြောင်းလိုက်ပျက်ကာ စစ်သုံ့ပန်းအများအပြားကို KIA ပူးပေါင်းတပ်က သိမ်းရခဲ့ပါတယ်။

စက်တင်ဘာ ၁၃ရက်မှာ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို ကောင်ဂျာယန်ကျေးရွာမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်းများ သိမ်းရခဲ့ပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းမိခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။ အဲဒီစစ်ကြောင်းဟာ ၂၀၂၅ ဇန်နဝါရီမှာ KIA ပူးပေါင်းတပ် သိမ်းထားတဲ့ မံစီမြို့နယ်က စစ်တပ်ရဲ့ ခမရ(၃၁၉)၊ ခမရ(၆၀၁)တပ်ရင်း စတဲ့ တပ်ဟောင်းနေရာတွေကို နေရာပြန်ဝင်ယူဖို့ ထိုးဝင်လာတာ ဖြစ်နိုင်ကြောင်း KIAက ဖော်ပြပါတယ်။

ကောင်ဂျာယန်တိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ စစ်သားတွေရဲ့ ရုပ်သံမှတ်တမ်းကို ကချင်စစ်ရေးသတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က သေဆုံးသူ ၄၀ ကျော်ရှိကာ သုံ့ပန်း ၃၀ ကျော်ရှိကြောင်း လက်နက်ခဲယမ်းအများအပြားသိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာတာ​ကြောင့် လေကြောင်းပစ်ကူသုံးဗုံးကြဲခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

‌မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်း၊ကင်းပုန်းနဲ့ ရိက္ခာကားကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်နိုင်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဂန့်ဂေါခရိုင်ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ဝန်းသိုမြို့နယ်ကို စစ်​ကြောင်းထိုးနေတဲ့စစ်တပ်ဟာ နမ့်ခမ်းရွာထဲမှာပဲ ရှိနေပြီး ဒီက​နေ့ညပိုင်းအထိ တိုက်ပွဲ​တွေဖြစ်နေတယ်လို့ တော်လှန် ရေးသတင်းအရင်းမြစ်တချို့က ပြောပါတယ်။