Connect with us

Hi, what are you looking for?

သတင်း

ကချင် နဲ့ စစ်ကိုင်းအစပ်ရှိ စစ်စခန်း၁ခုကို KIAနဲ့ ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်နဲ့ ထိစပ်‌နေတဲ့စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်နဲ့ SNAပူးပေါင်းစခန်းနောက်တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်ပြီး ဒေသတွင်း စစ်ရေးဆက်လက်တင်းမာနိုင်တယ်လို့ ​တော်လှန်​ရေးတပ်​တွေကသတိပေးပါတယ်။

(KIA နဲ့ KPDF တပ်ဖွဲ့ဝင်​တွေ။ဓါတ်ပုံ-KPDF)

​အောက်တိုဘာ-၂၃၊၂၀၂၆။ရွှေပြည်စိုး၊ထားမြတ်/ People’s Spring

ကချင်ပြည်နယ်နဲ့ ထိစပ်‌နေတဲ့စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်နဲ့ SNAပူးပေါင်းစခန်းနောက်တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်ပြီး ဒေသတွင်း စစ်ရေးဆက်လက်တင်းမာနိုင်တယ်လို့ ​တော်လှန်​ရေးတပ်​တွေကသတိပေးပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲက တောင်ဦးကျေးရွာမှာ အခိုင်အမာတပ်စွဲထားတဲ့ စခန်းကို အောက်တိုဘာလ၂၂ရက်နေ့ညပိုင်းမှာသိမ်းယူလိုက်တာလို့ တော်လှန်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

“တောင်ဦးစခန်းကို ရတယ်။ဒီစခန်းက စစ်တပ်နဲ့ SNAအတွက်အရေးပါတဲ့စခန်းဖြစ်တယ်။သူတို့ဘက်က သေဆုံးမှုတွေများပြီး ဆုတ်သွားတယ်။ ဒါပေမယ့် လေကြောင်းကနေ ဆက်ပစ်နေတယ်”လို့​မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်နဲ့ စစ်တပ်လက်​အောက်ခံSNA ပူးပေါင်းတပ်ဘက်မှာဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့လည်းသတင်းထွက်ပေါ်နေပါတယ်။တောင်ဦးစခန်းကို သိမ်းယူခဲ့ကြောင်းနဲ့ စစ်တပ်ဘက်မှာ သေဆုံးထိခိုက်မှုတွေရှိကြောင်း အတည်ပြုနိုင်ပေမယ့် တိုက်ပွဲအ​သေးစိပ်အ​ခြေအ​နေကို မသိရသေးဘူးလို့ ​ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။

အောက်တိုဘာ ၁၉ရက်မှာ တောင်ဦးဒေသက SNA တပ်ခြေကုတ်ထားတဲတာမယ်ပုတ်ရွာကို KIA ပူးပေါင်းတပ်ကသိမ်းပိုက်ခဲ့ပြီးသုံးရက်အကြာ အောက်တိုဘာ ၂၂ရက် မှာ တောင်ဦး အခြေစိုက် SNA ရဲ့ တပ်မဟာ(၉၇၂) လက်အောက်ခံ တပ်ရင်း(၄) ဌာနချုပ် စခန်းကို ထပ်မီသိမ်းနိုင်ခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ကလည်း​ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအခြေအနေနဲ့ စစ်ရေး အခြေအနေတွေ မေးမြန်းဖို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့နဲ့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

KIA ပူးပေါင်းတပ်ဟာ စက်တင်ဘာလကုန်ကတည်းက SNA တပ်စခန်းရှိရာဒေသတွေကို ထိုးစစ်ဆင်ခဲ့ရာ ဖားကန့် ဆယ်ဇင်းဒေသ၊ မိုးညှင်း အင်းတော်ကြီးဒေသ၊ ဟုမ္မလင်းတောင်ဦးဒေသ တွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး SNA ရဲ့ တပ်စခန်းတွေသိမ်းရခဲ့တာဖြစ်ပါတယ်။

SNA အနေနဲ့ ကချင်ခရစ်ယာန်ဘုရားကျောင်းအချို့မှာ စစ်သင်တန်းလုပ်တာ၊ ကချင်လူမျိုးတွေကို ပစ်မှတ်ထား ဖမ်းဆီးနှိပ်စက်တာ၊ ခရစ်ယာန်ဘုရားကျောင်းအချို့ကို ဒရုန်းနဲ့ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပြီးနောက် KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပိုမိုဖြစ်ပွားလာတာလည်းဖြစ်ပါတယ်။

ကချင်-စစ်ကိုင်းအစပ်ဒေသတွေမှာ အခြေပြုတဲ့ SNAဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်လက်​အောက်ခံအဖြစ် စစ်တပ်နဲ့အတူ စစ်ရေးဖော်ဆောင်ကာ KIAနဲ့ ပူးပေါင်းတပ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေမှာ ပါဝင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ဒါ့​ပေမယ့်တပ်ဖွဲ့ဝင်တချို့ဟာ တော်လှန်ရေးတပ်တွေထံအလင်းဝင်တာလည်း ရှိနေပါတယ်။

ဒေသတွင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနိုင်တဲ့အတွက်ဒေသခံပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိဖို့နဲ့ တိုက်ပွဲအတွင်း မပိတ်မိအောင်ကြိုတင်ပြင်ဆင်ထားဖို့၊လေကြောင်းအန္တရာယ်ကိုသတိပြုဖို့ ​တော်လှန်​ရေးရဲ​ဘော်အချို့က သတိပေးပါတယ်။

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်‌ ထိစပ်ဒေသမှာ အောက်တိုဘာလလယ်ပိုင်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ စခန်းနှစ်ခုကိုKIAနဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့ပြီး နောက်ထပ်စခန်းတစ်ခုကိုထပ်မံသိမ်းယူနိုင်ခဲ့တာပါ။ စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

အောက်တိုဘာလ၂ဝရက်နေ့ကလည်း ကချင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအစပ် နမ့်ပုတ်ရွာဆေးခန်းအနီးနဲ့ တုံပင်ရွာကို ဗုံးကြဲခဲ့ပါတယ်။ အောက်တိုဘာလ၂၂ရက်နဲ့ ၂၃ရက်မနက်မှာလည်း စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိတိုက်ပွဲတွေ ဥရုချောင်းရိုးဘေးရွာတွေဖြစ်တဲ့ဆည်ဇင်းရွာ၊တာမယ်ပုတ်ရွာနဲ့ တောင်ဦးရွာပတ်ဝန်းကျင်မှာဖြစ်နေပြီး စစ်တပ်က ရှမ်းနီတပ်-SNA အပါအဝင် စစ်တပ်လက်​အောက်ခံပြည်သူ့စစ်အဖွဲ့တွေကို အဓိက အသုံးပြုနေပါတယ်။

ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းနယ်စပ် မြို့နယ်တချို့မှာ အခုရက်ပိုင်းတိုက်ပွဲဖြစ်နေပြီး ပြည်သူတွေအနေနဲ့လေကြောင်းအန္တရာယ်နဲ့လက်နက်ကြီးအန္တရာယ်ကိုအထူးသတိပြုကြဖို့ KIA ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။

စစ်တပ်က စစ်ကိုင်းတိုင်နဲ့ကချင်ပြည်နယ်မှာ လေယာဉ်ဗုံးကြဲဖို့ ဟုမ္မလင်းလေတပ်ကို အဓိကအသုံးပြုနေတဲ့အတွက် လေယာဉ်လမ်းကြောင်းနှင့်သတိထားဖို့နဲ့ ဘေးကင်းရာမှာနေထိုင်ကြဖို့လည်း ဗိုလ်မှူးကြီးနော်ဘူကလည်း သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ထောက်ခံဆန္ဒပြပွဲနဲ့ သီတင်းကျွတ်ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်း၊အုန်းတော၆၀၀၅ တင့်ကားတပ်ကို စစ်ဆေးဖို့သွားတဲ့ ဗိုလ်မှူးကြီးဇော်မျိုးတင့်ကို ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့ နောက် ခုခံထွက်ပြေး ဖို့ကြိုးစားတာ ကြောင့် ပစ်ခတ်ခဲ့ရာမှာသေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့နယ်အခြေစိုက် လင်းယုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။