အောက်တိုဘာ-၂၄၊၂၀၂၆။သတိုး/People’s Spring
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ခြင်ဆေးခွေထွန်းရာက မီးစလောင်ခဲ့ပြီး နေအိမ် ၂လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၃ရက် ည ၁၀ နာရီခွဲလောက်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၁၉)ရပ်ကွက် နွယ်နီလမ်းမှာ မီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး ခြင်ဆေးခွေက မီးစလောင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး မီးသတ်ဌာနက မိနစ် ၂၀အတွင်း မီးငြှိမ်းသတ်ခဲ့နိုင်တယ်လို့ ထုတ်ပြန်ထားပြီး မီးလောင်မှုအကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို ထုတ်ပြန်ထားတာတော့မရှိပါဘူး။

Public Service Announcement
မီးစလောင်တဲ့အချိန်မှာ ကြိတ်ငြှိမ်းနေတာကြောင့် ဆုံးရှုံးမှု ပိုများရတာလို့ မီးလောင်တဲ့ အိမ်အနီးမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
တောင်ဒဂုံမြို့နယ်မှာ ညနေပိုင်းတွေ အမှိုက်မီးရှိူ့မှုတာတွေ လုပ်နေတာကြောင့် မီးလောင်မှုအန္တရာယ်ကိုသတိထားသင့်တယ်လို့ ဒေသခံတွေက သတိပေးထားကြပါတယ်။

















































