Connect with us

Hi, what are you looking for?

သတင်း

တာပိန်မြစ်ကူးတံတားကို စစ်တပ်က ၂ ရက်ဆက် ဗုံးကြဲဖျက်ဆီး၊ ပြည်သူ ၂ ဦးနဲ့ KIA ဝန်ထမ်း ၁ဦးသေဆုံး

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တာပိန်မြစ်ကူးတံတားကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေယာဉ်နဲ့ဗုံးကြဲဖျက်ဆီးခဲ့ရာ လူသေဆုံးထိခိုက်မှု အချို့ရှိခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

(မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က ဖျက်ဆီးအပြီးတွေ့ရစဉ်။ ဓာတ်ပုံ - Lung Jung LA N)

အောက်တိုဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တာပိန်မြစ်ကူးတံတားကို အာဏာသိမ်းစစ်တပ်က ၂ရက်ဆက် လေယာဉ်နဲ့ဗုံးကြဲဖျက်ဆီးခဲ့ရာ လူသေဆုံးထိခိုက်မှု အချို့ရှိခဲ့ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

၂၀၂၄ ကတည်းက KIA ထိန်းချုပ်ထားတဲ့ အဲဒီဒေသက တံတားကို အောက်တိုဘာ ၂၃ရက်နဲ့ ၂၄ရက်နေ့တွေမှာ စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

အောက်တိုဘာ ၂၄ရက် လေကြောင်းတိုက်ခိုက်မှုမှာ ပြည်သူ ၂ဦး၊ KIO/KIA ဝန်ထမ်း ၁ဦး သေဆုံးကာ ပြည်သူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးပါတယ်။ အောက်တိုဘာ ၂၃ရက် တံတား တိုက်ခိုက်ခံရမှုမှာလည်း တံတား ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိတဲ့ အဲဒီ တာပိန်မြစ်ကူးတံတားကို စစ်တပ်က လေကြောင်း တိုက်ခိုက်ဖျက်ဆီးတာဟာ စစ်တပ်က ဗန်းမော်မြို့ကို ထိန်းချုပ်လိုတာ၊ KIO/KIA ပူးပေါင်းတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်လိုတာကြောင့်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ ၂၃ရက်မှာ ပြောထားပါတယ်။

စက်တင်ဘာလမှာ စစ်တပ်က ဗန်းမော်မြို့ကို စစ်အင်အားအများအပြားဖြည့်တင်းပြီးနောက် မြေပြင်တိုက်ပွဲတွေလည်း နေ့တိုင်းလိုလို ဖြစ်ပွားလျက်ရှိပါတယ်။

” သူတို ထိုးစစ်ဆင်တဲ့နေရာကတော့ ခလရ(၄၇)ရဲ့ အောက်ပိုင်းမှာ မံစီဘက်ကို မျက်နှာမူတဲ့နေရာဘက်မှာ သူတို ထိုးစစ်ဆင်တာတွေ့ရပါတယ်။…။ဗန်းမော်မှာကတော့ မံစီဘက်ကို မျက်နှာမူတဲ့နေရာမှာ ဒရုန်းတို လက်နက်ကြီးတို နဲ့တော့ နေ့တိုင်းလိုရှိပါတယ်။ လေကြောင်းနဲ့ တိုက်တာလည်းရှိပါတယ်။ သူတိုက မြေပြင်ကနေ လည်း လိုက်ပြီးမှ ထိုးစစ် ဆင်နေတဲ့ ဖြစ်စဉ်တွေရှိပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပြပါတယ်။

KIAနဲ့ စစ်တပ်လက်အောက်ခံ SNAတပ်တို့ဟာလည်း ကချင်-စစ်ကိုင်းအစပ် ဟုမ္မလင်းမြို့နယ်မှာ တိုက်ပွဲတွေ ရှိခဲ့ပြီးအောက်တိုဘာ ၁၉ရက်နဲ့ ၂၂ရက်နေ့ တိုက်ပွဲတွေမှာ SNA တပ်စခန်း ၂ခု သိမ်းပိုက်ရရှိခဲ့ ကြောင်း KIA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။