Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့ပေါ်မှာ စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ-၂၅ ၊၂၀၂၆။ဖိုးသား /People’s Spring

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ဒီကနေ့(အောက်တိုဘာ ၂၅ ရက်)မနက်ပိုင်းမှာ အရာတော်မြို့မှာရှိတဲ့ စစ်တပ်က မြို့ပေါ်လာတဲ့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

“အရာတော်နယ် ကျေးရွာအသီးသီးမှ လူငယ်များအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စတေးခံ ပသစ(စစ်မှုထမ်း) ဖြစ်မယ့်အန္တရာယ်မှ ရှောင်ရှားနိုင်ရန်အတွက် ယခုရက်ပိုင်းအတွင်း မြို့ပေါ်ကို အကြောင်းကိစ္စ မရှိပဲ မသွားလာကြဖို့နဲ့ မဖြစ်မနေသွားလာရမယ်ဆိုရင်လည်း နယ်မြေခံ တော်လှန်ရေးအဖွဲ့အစည်းများအား ချိတ်ဆက်မေးမြန်းပြီးမှ သွားလာကြပါရန် အသိပေးအပ်ပါတယ်”လို့ အရာတော်မြို့နယ် ပကဖ တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပေါ်တာဆွဲခံရတဲ့ လူငယ်အရေအတွက်နဲ့ မည်သည့်နေရာ ခေါ်ဆောင်သွားတယ်ဆိုတာကိုတော့ အရာတော်မြို့နယ် ပကဖ တာ၀န်ရှိသူထံ သီးခြားဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

အရာတော်မြို့မှာ အမှတ် (၃၆၉)အမြောက်တပ်၊ အမှတ်(၁၀)စစ်အခြေခံလေ့ကျင့်ရေးတပ်နဲ့ အမှတ် (၅၀၀၄)တင့်ကားတပ်ရင်းတွေ ရှိပါတယ်။

ဒါ့အပြင် အရာတော်မြို့တောင်ဘက်နဲ့ အရှေ့တောင်ဘက်ခြမ်းက ကျောက်ပျောက်၊ငွေတွင်း၊စပါးတွင်းနဲ့ သလဲဘာ ကျေးရွာတွေကို စစ်တပ်က ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားတာဖြစ်ပါတယ်။

အခုနှစ် ဧပြီ နဲ့ မေလတွေမှာ အရာတော်မြို့နယ်၊အရှေ့တောင်ခြမ်းက စစ်တပ်တပ်စွဲထားတဲ့ နေရာတွေကိုတော်လှန်ရေးအဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ခဲ့တာ ရှိပါတယ်။

အရာတော်မြို့အရှေ့ခြမ်းက ဒေသတွင်းစစ်ရေးအရအရေးပါတဲ့ မြေနက်လမ်းပိုင်းကိုလည်း စစ်တပ်က ထိန်းချုပ်ဖို့ကြိုးပမ်းနေပြီး မြေနက်ရွာကတဆင့် စစ်တပ်အမာခံ ပျူစောထီးကျေးရွာတွေကို အချိန်တိုအတွင်းသွားရောက် နိုင်တယ်လို့ သိရပါတယ်။

စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေလို့ သီတင်းကျွတ်ပိတ်ရက်တွေအတွင်း ခရီးသွားလာကြမယ့်ပြည်သူတွေကိုလည်း သတိထားသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့်နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။