အောက်တိုဘာ – ၂၅ ၊၂၀၂၆ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ်၊ဖာပွန်ခရိုင်၊မယ်နုထရွာကို ဒီနေ့ (အောက်တိုဘာ ၂၅ ရက်) မနက်အစောပိုင်း ၁ နာရီအချိန်ခန့်မှာအာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတစ်ဦး သေဆုံးသွားပါတယ်။
ဒီနေ့ မနက်အစောပိုင်း ၁ နာရီအချိန်မှာ KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေရှိထိုင်းနယ်စပ်အနီး သံလွင်မြစ်ကမ်းဘေးကမယ်နုထရွာထဲကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲတိုက်လေယာဥ်နဲ့ ဗုံး နှစ်လုံးကြဲချသွားတာပါ။
အဲဒီ ဗုံးကြဲမှုကြောင့် မယ်အူထရွာမှာ နေထိုင်တဲ့ ကလေးတစ်ဦး သေဆုံးသွားပြီးကလေးနှစ်ဦးအပါအ၀င်သုံးဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

Public Service Announcement
ထိုင်းနယ်စပ်သတင်းတွေအရတော့ ဒဏ်ရာရသူတွေထဲမှာ သားအဖနှစ်ဦး ပါဝင်ပြီး ဆေးကုသဖို့ ထိုင်းဘက်ခြမ်းကို ရောက်ရှိလာခဲ့ပေမယ့် ကလေးဖြစ်သူက သေဆုံးသွားခဲ့ရတာပါ။
ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် မယ်နုထရွာခံတွေ ထိုင်းဘက်ဆီ ထွက်ပြေးခိုလှုံခဲ့ကြပေမယ့် အခုမနက်ပိုင်းမှာတော့ နေရပ်ရွာဆီပြန်သွားကြတယ်လို့သိရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး တပ်မဟာ (၅ ) ပြောရေးဆိုခွင့်ရှိ ပဒိုစောထိုရော်ဘင်ကို ဆက်သွယ်မေးမြန်းထားဆဲ ပါ။
ထိုင်းစစ်တပ်က တာဝန်ရှိသူက ဗုံးကြဲခံရမှုကြောင့် မြန်မာဒုက္ခသည်တွေ ထိုင်းဘက်ထွက်ပြေးခိုလှုံလာရင် လက်ခံဆောင်ရွက်ပေးဖို့အသင့်ပြင်ခိုင်းထားပြီး ထိုင်အမျိုးသားလုံခြုံရေးကောင်စီ(NSC)အစီအစဥ်အတိုင်းဆောင်ရွက်မယ်လို့ ထိုင်းသတင်းဌာန The Reporter က ဖော်ပြထားပါတယ်။



















































