Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ဟာ NCA ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်ရှိသယောင် အောက်ခြေစစ်သားတွေကိုလိမ်ညာနေဟု ပြည်သူ့ပန်းတိုင်ပြော

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။

(NCA (၁၁)နှစ်မြောက် နှစ်ပတ်လည်ပွဲ ကျင်းပနေစဉ်။ ဓာတ်ပုံ - Tai Freedom - Burmese Version)

အောက်တိုဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA)ကို ကိုင်ပြီး ငြိမ်းချမ်းရေးမျှော်လင့်ချက်အဖြစ် စစ်သားတွေကို လိမ်ညာ‌နေကြောင်း ပြည်သူ့ပန်းတိုင်က စစ်ကောင်စီတပ်တွင်းက အောက်ခြေစစ်သည်တွေကို သတိပေးပါတယ်။

ပြည်သူ့ပန်းတိုင်ဟာ စစ်သားတွေ အလင်းဝင်ပူးပေါင်း၊ လက်နက်ချ နဲ့ စစ်သုံ့ပန်း အခြေအနေတွေကို ပုံမှန်တင်ဆက်နေသလို စစ်ကောင်စီတပ်သားတွေ အာဏာရှင်တွေရဲ့ အသုံးချမှုကနေ ရုန်းထွက်ဖို့ တိုက်တွန်းနှိုးဆော်မှုတွေ ပြုလုပ်လျက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

အပတ်စဉ် တင်ဆက်နေတဲ့ စစ်ကောင်စီရဲ့ “ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဉ်မှာ ပြည်သူ့ပန်းတိုင်က စစ်တပ်ရဲ့ အလိမ်အညာကို ဖော်ပြပြီး NCA စကား၀ိုင်းထဲက ရှမ်းတပ်ဖွဲ့(RCSS)နဲ့ စစ်ကောင်စီအကြား လတ်တလော တိုက်ပွဲဖြစ်ပွားခဲ့မှုကိုလည်း ဥပမာ ပြသခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ထိတာနဲ့ ကွဲရတာက အောက်ခြေဘဝတွေပါ။ဆိုတော့ စစ်သားတွေ အနားရဖို့က နှစ်လမ်းပဲ ရှိပါတယ်။ စစ်ခေါင်းဆောင်တွေအတွက် အသေခံပြီး နောက်ဘဝမှာ အနားယူမလား၊ လက်နက်ချ အလင်းဝင်ပြီး ယခုဘဝမှာပဲ မိသားစုနဲ့အတူ အနားယူမလား” လို့ ပြည်သူ့ပန်းတိုင်က ဆိုပါတယ်။

မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေကြောင်း ပြောပါတယ်။ ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းဖို့၊

ဟန်ပြဖွဲ့စည်းထားတဲ့ စစ်အုပ်စုကို တရားဝင်အစိုးရဖြစ်အောင် လုပ်ဖို့ စစ်အုပ်စုက NCAကို အသုံးချ ကြိုးပမ်းနေတယ်လို့ သတိပေးထားပါတယ်။

NMSP-ADခေါင်းဆောင်တွေဟာ မူလက NCA လက်မှတ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီ(NMSP) ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ပေမဲံ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို လက်မခံတဲ့ NMSP ခေါင်းဆောင်တွေဟာ NMSP-AD စုဖွဲ့မှု နဲ့ အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။

KNU ၊ CNF၊ ABSDF PNLO စတဲ့ တပ်ဖွဲ့တွေကလည်း စစ်တပ်ဟာ NCA အခြေခံမူများကို နင်းချေဖျက်ဆီးပြီးအာဏာသိမ်းလိုက်တာကြောင့် NCAမရှိတော့ဘူးလို့ အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်နဲ့ ဆွေးနွေးမှုတွေဆက်လုပ်နေသလို NCA ဆိုင်ရာ နှစ်ပတ်လည်ပွဲတွေ တက်ရောက်လေ့ရှိတဲ့ ရှမ်းတပ် RCSS ကပင် စစ်တပ်အာဏာသိမ်းချိန်မှစ၍ NCA အကောင်အထည်ဖော်မှု ရပ်ဆိုင်းသွားကာ NCA အပေါ် လူထုယုံကြည်မှုလျော့နည်းလာကြောင်း အောက်တိုဘာ ၁၅ရက်မှာ စစ်အုပ်စုက ပြုလုပ်တဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်သုံ့ပန်းအချို့ဖမ်းမိပြီး စစ်တပ်က အင်အားအများအပြားဖြည့်တင်းခုခံ

သတင်း

ချင်းပြည်နယ် မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၅ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ့ နေအိမ်တွေ ထပ်မံ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ သွေးခွဲမှုတွေပိုလုပ်လာကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ဒီကနေ့ ကျရောက်တဲ့ KIO ဖွဲ့စည်းတည်ထောင်ခြင်းနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားပါတယ်။

သတင်း

စစ်တွေမြို့နယ်အတွင်းက ရိုဟင်ဂျာတွေကိုလည်းစစ်ရှောင်ခွင့်မပေးဘဲပိတ်လှောင်ထား