Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO အဖွဲ့ဝင် ဥရောပ နှစ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ ပူတင် ဖုန်းပြော

ရှားပါး အခြေအနေ တစ်ခုအဖြစ် NATO အဖွဲ့ဝင် နိုင်ငံနှစ်ခုရဲ့ ခေါင်းဆောင်တွေဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပါတယ်။

ရှားပါး အခြေအနေ တစ်ခုအဖြစ် NATO အဖွဲ့ဝင် နိုင်ငံနှစ်ခုရဲ့ ခေါင်းဆောင်တွေဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပါတယ်။

ရှားပါး အခြေအနေ တစ်ခုအဖြစ် NATO အဖွဲ့ဝင် နိုင်ငံနှစ်ခုရဲ့ ခေါင်းဆောင်တွေဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့တုန်းက ဖင်လန် သမ္မတ အလက်ဇန္ဒား စတက်ဘ်နဲ့ နော်ဝေး ဝန်ကြီးချုပ် ယိုနက်စ် ဂါးဟ် စတိုးတို့ဟာ နှစ်ယောက်အတူ ချိတ်ဆက်ပြီး ပူတင်နဲ့ ဖုန်းပြောခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့ပြီးနောက်ပိုင်း အခုလို အနောက်ဥရောပ ခေါင်းဆောင်တွေက ပူတင်နဲ့ တိုက်ရိုက် ဖုန်းပြောတာဟာ ရှားပါးလှတဲ့ အခြေအနေ တစ်ခုလည်း ဖြစ်ပါတယ်။

ဖင်လန်နဲ့ နော်ဝေး ခေါင်းဆောင်တွေကတော့ အခုဖုန်းဆက်သွယ် ဆွေးနွေးမှုရဲ့ အဓိက ရည်ရွယ်ချက်ဟာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး စေ့စပ်ဆွေးနွေးမှုတွေမှာ အကူအညီ ပေးချင်လို့ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ပြီးတော့ ယူကရိန်း စစ်ပွဲကို ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလဲ ဆိုတာက ဥရောပ လုံခြုံရေးအပေါ် တိုက်ရိုက် သက်ရောက်မှုတွေ ရှိစေမယ် ဆိုတာကို ပူတင်ဆီ အသိပေးခဲ့သလို စေ့စပ်ဆွေးနွေးမှု နည်းလမ်းနဲ့သာ စစ်ပွဲကို ရပ်စဲနိုင်မယ် ဆိုတာကိုလည်း အလေးအနက် ပြောကြားခဲ့ကြောင်း စတိုးက ပြောပါတယ်။

အဲဒီ ဆွေးနွေးမှုတွေဟာ ဥရောပတိုက် တစ်ခုလုံးကို ကိုယ်စားမပြုဘူးလို့ NATO အဖွဲ့ဝင် နိုင်ငံနှစ်ခုရဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။ သူတို့ဟာ ပူတင်နဲ့ ဖုန်းပြောပြီးတဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုလည်း ဆက်သွယ်ပြီး နှစ်ဖက် အမြင်ဖလှယ်မှုတွေအကြောင်း အသိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စတက်ဘ်ကတော့ ပူတင်နဲ့ ဆွေးနွေးခဲ့မှုတွေဟာ ပွင့်လင်းပြီး အရှိတရားတွေအပေါ် လက်တွေ့ကျကျ အခြေခံခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ အမေရိကန်ရော၊ ယူကရိန်းကပါ အခုလိုမျိုး ပူတင်ဆီ တိုက်ရိုက် ဆွေးနွေး စကားပြောတာမျိုးက ကောင်းမွန်တဲ့ ရွေးချယ်မှုအဖြစ် လက်ခံထားကြောင်းလည်း သူက မှတ်ချက်ပေးခဲ့ပါတယ်။

စတက်ဘ်ရော၊ စတိုးကပါ သူတို့ရဲ့ လုပ်ဆောင်မှုဟာ ကိုယ့်နိုင်ငံကိုပဲ ကိုယ်စားပြုပြီး ဥရောပ တစ်ခုလုံးရဲ့ သဘောထား မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားထားပေမယ့် ဒိန်းမတ် ဝန်ကြီးချုပ် မက်တေး ဖရိုင်းဒရစ်ဆန်က အဲဒီနှစ်နိုင်ငံဟာ တစ်ကိုယ်တော် လုပ်ဆောင်ခဲ့တာမျိုး ဖြစ်နေကြောင်း ဝေဖန်ခဲ့ပါတယ်။

နော်ဝေးနဲ့ ဖင်လန်တို့ရဲ့ ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ဒွိဟဖြစ်တာတွေ အများကြီး ရှိနေကြောင်း၊ ပြီးတော့ တခြား ဥရောပ နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ထားတာ မဟုတ်ကြောင်း သူက ဆိုပါတယ်။ ပြီးတော့ နှစ်နိုင်ငံတည်းအားနဲ့ ရည်မှန်းချက်တွေ အထမြောက်အောင် လုပ်နိုင်မယ်ဆိုတာရော တကယ် သေချာပါ့မလားဆိုတာ မပြောတတ်တော့ကြောင်း ဖရိုင်းဒရစ်ဆန်က ဆက်ပြောပါတယ်။

ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ဖက်က ထုတ်ပြန်ချက်မှာတော့ ဖုန်းပြောကြတဲ့အခါ ပူတင်က NATOနဲ့ ဥရောပ သမဂ္ဂ (EU)ရဲ့ တင်းမာပြီး ထိပ်တိုက်တွေ့လိုတဲ့ မူဝါဒတွေကြောင့် ယူကရိန်း စစ်ပွဲက ပိုမိုရှည်ကြာနေတာ ဖြစ်တယ်လို့ စတိုးနဲ့ စတက်ဘ်ကို ထောက်ပြသွားခဲ့ကြောင်း ပါရှိခဲ့ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ အခြေအနေတွေအပေါ် မူတည်ပြီး နောက်ပိုင်းမှာလည်း အခါအားလျော်စွာ ဖုန်းဆက် စကားပြောဖို့ သုံးနိုင်ငံ ခေါင်းဆောင်တွေ သဘောတူခဲ့ကြကြောင်းလည်း ကရင်မလင်က ထုတ်ပြန်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို လူသားချင်းစာနာ​ထောက်ထားသူ (humanitarian) တစ်ဦးလို့ ချီးကျူး ပြောဆိုခဲ့တဲ့ အမေရိကန် အစိုးရ ကိုယ်စားလှယ်ဟာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတကာ

နောက်လထဲမှာ တရုတ်၊ ရုရှား သမ္မတတွေနဲ့ တွေ့ဆုံပြီး သုံးပွင့်ဆိုင် လက်နက် ထိန်းချုပ်ရေးကိစ္စ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ထိပ်တန်း ဗိုလ်ချုပ်ကြီး တစ်ဦးက ရုရှားအနေနဲ့ NATOရဲ့ ပိုင်နက်ကို ရူးမိုက်တဲ့ ထိပါးတိုက်ခိုက်မှုမျိုး လုံးဝမလုပ်ဖို့ သတိပေး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်း နိုင်ငံဟာ တခြားခေါင်းဆောင်တစ်ဦးကို ရရှိသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဝေဖန် ပြောကြားသွားပါတယ်။