အောက်တိုဘာ ၂၈၊၂၀၂၆ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ သစ်ကျင်းကြီး ပျူစောထီးကျေးရွာကို တာဝေးပစ်ရော့ကတ်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၇ ရက် နေ့လယ် ၁၂ နာရီခွဲမှ ၁ နာရီခွဲခန့်အထိ အရာတော်မြို့နယ်၊ သစ်ကျင်းကြီး ပျူစောထီးစခန်းထိုင်ရာ ကျေးရွာကို မုံရွာခရိုင် အမှတ် (၃)တပ်ရင်းက ဦးဆောင်ပြီး အရာတော်မြို့နယ် ပကဖ၊ တိုက်နယ် (၈) ပူးပေါင်းအဖွဲ့တို့က တပ်ရင်းကနေ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ တာဝေးပစ် ရော့ကတ် (၁၀) လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်ပါတယ်။
“ပျူအင်အားက တရွာလုံးပါပဲ။ ပျူတွေတင်မဟုတ်ဘဲ စကစ အင်အားလည်း အများအပြားရှိတာပါ”လို့ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ပျူရွာက ပျက်စီးထိခိုက်မှု အခြေအနေအသေးစိတ်ကိုမူ မုံရွာခရိုင် အမှတ် (၃) တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့တွေက ထပ်မံစုံစမ်းနေကြောင်း သိရပါတယ်။
သစ်ကျင်းကြီးပျူရွာကို ၂၀၂၂ အတွင်းကလည်း တော်လှန်ရေးအဖွဲတွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပါသေးတယ်။ နောက်ပိုင်းမှာတော့ စစ်တပ်က အင်အားပြန်တိုးချကာ တပ်စွဲထားကြောင်း သိရပါတယ်။




















































