“ဒီစစ်ဆင်ရေးကို အောင်မြင်စွာစွမ်းဆောင်ခဲ့ကြတဲ့ အာရက္ခတပ်တော်က နည်းပညာရှင်တွေနှင့်အရာရှိစစ်သည်တွေအားလုံးကိုလဲ ဂုဏ်ပြုချီးကျူးပါတယ်” — ဦးခိုင်သုခ
အောက်တိုဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/ People’s Spring
စစ်တွေမြို့အနီးဝန်းကျင်ဘင်္ဂလားပင်လယ်နဲ့ ကုလားတန်မြစ်ဆုံရာမှာ နေရာယူပြီး အရပ်သားလူနေကျေးရွာတွေ ကို လက်နက်ကြီးတွေနဲ့ နေ့ညမပြတ်ပစ်ခတ်တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောကြီး ၃ စီးကို အာရ က္ခတပ်တော်(AA)က ထပ်မံတိုက်ခိုက်ဖျက်ဆီးလိုက်နိုင်ခဲ့တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၆ ရက်နေ့မှာ လက်နက်မျိုးစုံနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ရဲ့ Frigate(ဖျက်သင်္ဘော)တစီး၊လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ဇက်သင်္ဘောနှစ်စီးတို့ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စစ်တွေနဲ့ဝီရဌာနီကြား ကုလားတန်မြစ်ဝမှာတပ်စွဲထားတဲ့ အကြမ်းဖက်မြန်မာစစ်တပ်ရဲ့ ရေတပ်စစ်သင်္ဘောတွေကို သီတင်းကျွတ်လပြည့်ညမှာ ရေကြောင်းစစ်ဆင်ရေးတခုနှင့် အာရက္ခတပ်တော်ကတိုက်ခိုက်ရှင်းလင်းခဲ့တာရှိပါတယ်။ အကြမ်းဖက်မြန်မာရေတပ်စစ်သင်္ဘော ၃ စီးထိမှန်ပျက်စီးခဲ့တာရှိပါတယ်။ စစ်င်္ဘော ၂ စီးနစ်မြုတ်သွားပြီးတော့ ကျန်တဲ့တစီး ဆိုးဆိုးဝါးဝါးထိမှန်ပျက်စီးခဲ့တာရှိပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

Public Service Announcement
မြေပြင်မှာရှိနေတဲ့ AA နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်တဦးကလည်း စစ်တပ်သင်္ဘော ၅ စီး ရှိနေတဲ့ထဲက ၃ စီးကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
“သင်္ဘောငါးစီးလောက်ရှိတာမှာသုံးစီးထိသွားတယ်။နှစ်စီးကတော့ အပေါက်တွေပေါက်၊ ရေတွေဝင်ပြီးတော့ မြုပ် သွားတယ်။ ကမ်းအထိ ဆွဲခေါ်သွားနိုင်မလားတောင်မသိဘူး။ အဲဒီနှစ်စီးကတော့ လုံး၀ပျက်သွားတာ သေချာတယ်။ နောက်တစီးကလည်း အပေါ်ပိုင်းထိသွားတယ်။ သိပ်တော့ မပျက်စီးဘူး” လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီလို စစ်တပ်သင်္ဘောတွေကို တိုက်ခိုက်နိုင်ခဲ့တဲ့ နည်းပညာရှင်တွေနဲ့ စစ်သည်တော်တွေကို ဂုဏ်ပြုတယ်လို့လည်း သူက ဆိုပါတယ်။
“ဒီစစ်ဆင်ရေးကို အောင်မြင်စွာစွမ်းဆောင်ခဲ့ကြတဲ့ အာရက္ခတပ်တော်က နည်းပညာရှင်တွေနှင့်အရာရှိစစ်သည်တွေအားလုံးကိုလဲ ဂုဏ်ပြုချီးကျူးပါတယ်လို့ပြောလိုပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။
အဲဒီစစ်သင်္ဘောတွေကို AA ရဲ့ နည်းပညာအထူးတပ်ဖွဲ့က စနစ်တကျစီစဉ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ပြည်သူတွေကို ဒုက္ခအများပေးတာမှာဒီ Navy တွေ ပါတယ်။ ထပ်ပြီးတော့လည်း အခွင့်အရေးရရင် ရသလို ဆက် ချသွားမယ်” လို့ AA သတင်းရင်းမြစ်ကပြောပါတယ်။
အာရက္ခတပ်တော်(AA)ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလကနေစခဲ့တဲ့ ရခိုင်ဒေသတကျော့ပြန်ပြည်သိမ်းတိုက်ပွဲတွေအတွင်း စစ်တပ်ရဲ့ သင်္ဘောတွေကို ဆက်တိုက်ဖျက်ဆီးနေခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း မင်းပြားမြို့နယ်မှာ ၁ စီး၊ ကျောက်တော်မြို့နယ်မှာ ၃ စီးတို့ကို လုံး၀ဖျက်ဆီးခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ကျောက်ဖြူမြို့ နယ်အအတွင်းက စစ်သေင်္ဘာ ၁ စီးနဲ့ အခု ၂၀၂၆ အောက်တိုဘာလထဲမှာ စစ်တွေမြို့နယ်အတွင်းက စစ်သေင်္ဘာ ၅ စီးထက်မနည်းကိုဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
“နေဗီ(Navy)တွေလောက်ကတော့ကိုယ့်လူတွေ သိပ်မစဉ်းစားတော့ဘူး။ ငပြီးကျွန်းမှာလည်း ကြည့်ပါလား၊ ကမ်း ပေါ်တက်လို့ မရဘူးလေ။ နေဗီတွေဆို ကပ်တောင် မကပ်ရဲတော့ဘူး” လို့ စစ်ရေးနဲ့ နီစပ်တဲ့ ပေါက်တောဒေသခံတ ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့ တောင်ဘက် ဘင်္ဂလားပင်လယ်၀နဲ့ အရှေ့ဘက် ကုလားတန်မြစ်ပြင်တို့မှာ စစ်သင်္ဘော ၁၀ စီးဝန်းကျင် အချိန်ပြည့်နေရာယူပြီး ငပြီကျွန်းတိုက်ပွဲ၊ စစ်တွေတိုက်ပွဲတို့ကို ပစ်ကူပေးသလို အရပ် ဖက်လူနေကျေးရွာတွေကိုလည်း ဆက်တိုက်ပစ်ခတ်နေတာဖြစ်ပါတယ်။
အဲဒီစစ်သင်္ဘောတွေကို AA က လက်နက်မျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။
လက်ရှိမှာ စစ်တွေမြို့နယ်အတွင်းက မြို့အနောက်ဘက် ရေချမ်းပြင်၊ မြောက်ဘက် အမြင့်ကျွန်း၊ အရှေ့ဘက် ရွှေ မင်းဂံဝန်းကျင်တို့မှာ စစ်တပ်နဲ့ AA တို့ နှစ်ဖက်တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပြီး စစ်တွေမြို့ အရှေ့ဘက် ပေါက် တောမြို့နယ် ငပြီကျွန်းပေါ် ကမ်းတက်ဖို့ကြိုးစားတဲ့ စစ်တပ်ကို AA က ဟန့်တားနေပါတယ်။
AA ဟာ စစ်တွေမြို့နယ်အတွင်းက စစ်တပ်စခန်း ၁၃ ခုထက်မနည်းကို သိမ်းပိုက်ထားပြီး ငပြီကျွန်းပေါ် ကမ်းတက် နိုင်ခဲ့တဲ့ စစ်တပ်အခြေချနေရာအားလုံးနီးပါးကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားကာ ငပြီကျွန်းပေါ်မှ စစ်သားအား လုံးနီးပါး AA ထံ လက်နက်ချတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်က စစ်တွေမြို့အရှေ့ဘက်ရှိ ငပြီကျွန်းပေါ်ကို အင်အားအလုံးအရင်းသုံး ကမ်းတက်ဖို့ ကြိုးစားနေချိန်မှာ AA ဟာ စစ်တွေမြို့ပတ်လည်က အခြေစိုက်တပ်ရင်းတွေနဲ့ ဒကစတို့အနီးဆုံးထိ ချည်းကပ်ပြီး ထိုးစစ်အဟုန်မြှင့်လာခဲ့ တာဖြစ်ပါတယ်။
စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ တလကျော်ရှိပြီ ဖြစ်ပါတယ်။
စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ် စခန်း ၁၃ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၇ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။စစ်သား ရာချီ ပြီးသေဆုံးခဲ့ပြီဖြစ်တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။




















































