Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို စစ်တပ်က ဖျက်အားပြင်းဗုံးတွေသုံး ထပ်မံလေကြောင်းတိုက်ခိုက်လို့ နေအိမ်တွေ ပျက်စီး

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

(မင်းတပ်မြို့ကို စစ်တပ်က ၂၀၂၆ အောက်ဆိုဘာ ၂၅ရက်က လေကြောင်းကနေ ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - HKL- Mindat)

အောက်တိုဘာ ၂၉၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

အောက်တိုဘာ ၂၉ရက် ညနေ မှာ မင်းတပ်မြို့ပေါ်ကို တိုက်လေယာဉ် ၁စီးနဲ့ ဗုံး ၂လုံး ကြဲချခဲ့သလို ည ၇နာရီလောက်မှာလည်း တိုက်လေယာဉ်နဲ့ ဖျက်အားပြင်းဗုံး ၂လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

မင်းတပ်မြို့နယ်မှာ လတ်တလော တိုက်ပွဲအချို့ရှိပေမဲ့ အခု စစ်တပ် လေကြောင်းဗုံးကြဲနေတဲ့နေရာတွေကတော့ တိုက်ပွဲမရှိ လူနေထိုင်ခြင်းမရှိတဲ့နေရာတွေလို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အဆောက်အအုံတွေထိတာ တအားများတယ်။ မြို့ထဲမှာ ဘာမှ မရှိတဲ့ အဆောက်အအုံတွေ လိုက်ပစ်နေတဲ့ပုံစံဖြစ်နေတယ်။ သတင်းမှားတွေရတာလား ဘာလဲတော့ မသိဘူး” လို့ မင်းတပ်ဒေသခံက ပြောပါတယ်။

အောက်တိုဘာ ၂၄ရက်နဲ့ ၂၅ရက်တွေမှာလည်း စစ်တပ်ဟာ မင်းတပ်မြို့ပေါ်ကိုတိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့လို့ နေအိမ်များစွာ ပျက်စီးခဲ့ရပါတယ်။

စစ်တပ်ဟာ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ မင်းတပ်၊ကန်ပက်လက်၊ ကျင်ဒွေး စတဲ့ ဒေသတွေပြန်ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ မေလကတည်းက စတင်ထိုးစစ်ဆင်ခဲ့ရာ CPU/CPA မဟာမိတ်ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် မြို့တွေ သိမ်းပိုက်နိုင်တာမရှိဘဲ တိုက်ပွဲတွေမှာ စစ်တပ်အထိနာလျက်ရှိပါတယ်။

စစ်တပ်ဟာ ချင်းပြည်နယ် ပလက်၀မြို့နယ် ဒိုင်ရ်ဒေသနဲ့ ချင်းမြောက် ဟားခါးမြို့နယ်တို့ကိုလည်း အောက်တိုဘာလအတွင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့လို့ အရပ်သား ပြည်သူသေဆုံးမှုတွေရှိခဲ့သလို ဟားခါး ဗုံးကြဲမှုမှာဆို CDF ဟားခါး ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၀ဦးအထိ သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကြွီတဲ၊ ရေချမ်းပြင်၊ အမြင့်ကျွန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေ

သတင်း

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ရဲ့ စစ်သုံ့ပန်းစခန်းကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရတဲ့ စစ်သား ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းပြည်ကောင်စီ(CC) ချင်းပြည်အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာအုပ်စုမှာ အောက်တိုဘာ ၂၈ရက်ကတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က ၁၅ဦး ထက်မနည်းသေဆုံးကာ လေယာဉ်ပစ်ကူအကြိမ်ကြိမ်ယူခဲ့တယ်လို့ တလုပ် PDFအဖွဲ့က ပြောပါတယ်။

သတင်း

စစ်တပ်က ပစ်ခတ်လို့ ပေါက်တောမြို့နယ်မှ ရိုဟင်ဂျာငါးဖမ်းသမား ၄ ဦးသေဆုံး