Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း ရထားဘူတာကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်လို့ ၁၄ ဦးသေ

ယူကရိန်းရဲ့ ရထားဘူတာ တစ်ခုကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၄ ဦး သေဆုံးပြီး နောက်ထပ် ၁၀ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

ဓာတ်ပုံ - State Emergency Service of Ukraine/Reuters

ယူကရိန်းရဲ့ ရထားဘူတာ တစ်ခုကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၄ ဦး သေဆုံးပြီး နောက်ထပ် ၁၀ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ယူကရိန်းရဲ့ ပို့ဆောင်ဆက်သွယ်ရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို သိသိသာသာ အရှိန်မြှင့်လာခဲ့ပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့တုန်းကတော့ ယူကရိန်း အလယ်ပိုင်း၊ ဒီနီပရိုမြို့မှာရှိတဲ့ ရထားဘူတာကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ် အပါအဝင် အောက်တိုဘာ ၂၉ ရက်နေ့တုန်းက ယူကရိန်းနိုင်ငံ အနှံ့မှာ ဖြစ်ပွားခဲ့တဲ့ ရုရှား တိုက်ခိုက်မှုတွေအတွင်း ဆယ်ကျော်သက် မိန်းကလေးငယ် နှစ်ယောက် အပါအဝင် စုစုပေါင်း ၁၉ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယူကရိန်းက ထုတ်ပြန်ပါတယ်။

ရုရှားဟာ အရပ်သား ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ပြီး ရက်စက်ကြမ်းကြုတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ထုတ်ပြနေကြောင်း၊ အိုလက်ရှ်ကီမြို့က လူသားချင်း စာနာမှု မစ်ရှင်တွေ အကောင်အထည် ဖော်နေတဲ့ အချိန်မျိုးမှာတင် တစ်ဖက်မှာတော့ ရုရှားက လူမဆန်တဲ့ တိုက်ခိုက်မှုတွေ ဆက်ပြီး ကျူးလွန်နေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်ရဲ့ မေတ္တာရပ်ခံ စေ့စပ်ပေးမှုအရ ရုရှားနဲ့ ယူကရိန်းတို့ဟာ ယူကရိန်းပိုင် ခါဆွန်ဒေသထဲက ရုရှားထိန်းချုပ်ထားရာ အိုလက်ရှ်ကီမြို့မှာ အပစ်အခတ် ရပ်စဲပြီး ဒေသခံတွေကို လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နေသလို ရုရှား၊ ဒါမှမဟုတ် ယူကရိန်းရဲ့ အတွင်းပိုင်း ဒေသတွေဆီ ဆန္ဒအလျောက် ရွှေ့ပြောင်းနိုင်အောင် စီစဉ်ပေးနေပါတယ်။

ရုရှား ပေးချင်တဲ့ သတင်းစကားက အရမ်းရှင်းလင်းကြောင်း၊ စစ်ပွဲကို ဆက်ပြီး တိုက်ခိုက်နေဖို့ ဆုံးဖြတ်ထားတယ်ဆိုတာ အတိအလင်း ကြေညာလိုက်တာလည်း ဖြစ်ကြောင်း ဇီလန်စကီးက ပြောကြားခဲ့ပြီး နိုင်ငံတကာ မိတ်ဖက်တွေ အနေနဲ့ ရုရှားအပေါ် ပိုမို ဖိအားပေးကြဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က ဒီနီပရိုမှာ ဖြစ်ပွားခဲ့တဲ့ အဓိပ္ပါယ်မဲ့ပြီး စစ်ဘက် အရပ်ဖက် မခွဲခြားတဲ့ တိုက်ခိုက်မှု သတင်းကို ကြားရတဲ့အတွက် အရမ်း ကြေကွဲ ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါတယ်။ မဟာမိတ်တွေနဲ့ လက်တွဲပြီးတော့ အားလုံးအတူတူ စုပေါင်းရင်း ကျူးကျော်သူအပေါ် ဖိအားတွေ တိုးမြှင့်ပေးဖို့ လိုအပ်ကြောင်း ဗွန်ဒါလီယန်က လူမှုကွန်ရက် မီဒီယာ Xမှာ အောက်တိုဘာ ၂၉ ရက်နေ့က ရေးသားထားခဲ့ပါတယ်။

အောက်တိုဘာ ၂၉ ရက်နေ့မှာပဲ ယူကရိန်း မြောက်ပိုင်းမှာရှိတဲ့ ချာနီဟစ်ဗ် မြို့ကိုလည်း ရုရှားက တိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဒီနီပရို ရထားဘူတာ တိုက်ခိုက်ခံအပြီး မြင်ကွင်း ဗီဒီယိုတွေ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာရာမှာတော့ ဘူတာ စင်္ကြံ ပလက်ဖောင်းပေါ်မှာ လဲနေတဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရပါတယ်။

ယူကရိန်းရဲ့ လက်နက်တိုက်ထဲမှာ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ပြတ်လပ်လာချိန်မှာပဲ ရုရှားက အခုလိုမျိုး တိုက်ခိုက်မှုတွေကို အင်နဲ့အားနဲ့ အရှိန်မြှင့်လာတာ ဖြစ်ပါတယ်။ ဘူတာရုံကို ဒရုန်းထိမှန်တဲ့ ဖြစ်စဉ်မျိုးတွေက မကြာခဏ ကြုံနေရတာ ဖြစ်ပေမယ့် ရုရှား အစိုးရက ယူကရိန်းမှာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။