နိုဝင်ဘာ-၁၊၂၀၂၆၊ ဆဏ်း/People’s Spring
လန်ဒန်မြို့မှာပြုလုပ်ခဲ့တဲ့ ချမ်းချမ်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ခ) ကင်မ်အဲရစ် က ခွန်အားဖြည့်မိငယ်သီချင်းကို ဂစ်တာတီးပြီးဖျော်ဖြေပေးခဲ့ပါတယ်။
“မေမေကြိုက်တဲ့ သီချင်းလေးတစ်ပုဒ်ကို ချမ်းချမ်းနဲ့အတူ တီးဆိုဖြစ်ခဲ့ပါတယ်။ဂစ်တာလေ့ကျင့်ဖို့ နှစ်ရက်လောက်ပဲ အချိန်ရခဲ့ပေမဲ့ ကျွန်တော် အတတ်နိုင်ဆုံး အကောင်းဆုံး တီးပေးခဲ့ပါတယ်။မေမေ၊ ဒီသီချင်းလေးက မေမေ့အတွက်ပါ။ မေမေ နားထောင်ခွင့်ရရင် သိပ်ကောင်းမှာပဲ။” လို့ ကင်မ်က ရင်ဖွင့်ထားပါတယ်။
ဒီပွဲကို အောက်တိုဘာ ၃၁ ရက်ညက လန်ဒန်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ဘေးနဲ့ သဘာဝဘေးဒဏ်ခံစားနေရတဲ့ အညာဒေသအပါအဝင် တိုင်းရင်းသားဒေသကပြည်သူတွေကို ကူညီပေးဖို့ ပြုလုပ်တဲ့ ရန်ပုံငွေဖျော်ဖြေပွဲပါ။

Public Service Announcement
ခွန်အားဖြည့်မိငယ် သီချင်းက ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်သီဆိုတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး တေးရေး ကိုနေဝင်းကရေးသားထားတာပါ။
ကင်မ်က မိခင်ဖြစ်သူလွတ်မြောက်ဖို့တောင်းဆိုတဲ့ Free Her ကမ်ပိန်းကိုပြုလုပ်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက ငါးနှစ်ကျော်ကာလအတွင်းမှာ မိခင်နဲ့ ပထမဆုံးအကြိမ် ဖုန်းပြောခွင့်ရခဲ့ပါတယ်။




















































