Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနှုတ်ခမ်း​မွေးအဖွဲ့လာ​ရောက်ရန်ရှာ​​ပေမယ့်မြန်မာလုပ်သား​တွေအခွင့်အ​ရေးအတွက် UN ရုံး​ရှေ့မှာ​အောင်မြင်စွာဆန္ဒထုတ်​ဖော်

နှုတ်ခမ်း​မွှေးရဲ့ PDRC အဖွဲ့ဝင်​တွေက ဆန္ဒပြပွဲဦး​ဆောင်တဲ့ဆူရတ်ဂ်ျဂီရီကိုထိုးကြိတ်ခဲ့

(ထိုင်း​ရောက်မြန်မာလုပ်သား​တွေရဲ့ Bright Future အဖွဲ့က ဆန္ဒထုတ်​ဖော်စဥ် ။ ဓါတ်ပုံ - ပေးပို့ )

နိုဝင်ဘာ-၁၊၂၀၂၆။နေ့သစ်/People’s Spring

ထိုင်းနိုင်ငံမှာ မြန်မာစစ်အုပ်စုက လုပ်ပေးနေတဲ့ CI စခန်း​တွေဖျက်သိမ်းရေး ၊ပန်း​ရောက်ကတ်တမျိုးတည်း​နေထိုင်လုပ်ကိုင်ခွင့်ရ​ရေးဘန်ကောက်မြို့က ကုလသမဂ္ဂ(UN) ရုံးရှေ့ ထိုင်း​ရောက်မြန်မာလုပ်သား​တွေရဲ့ Bright Future ကတရားဝင်ဆန္ဒပြတောင်းဆိုရာ ထိုင်းအမျိုးသားရေးဆိုသူတွေက လာ​ရောက်ရန်ရှာပြီး ထိုးကြိတ်ခဲ့ကြတယ်လို့ အဆိုပါ ဆန္ဒပြပွဲဦးဆောင်သူ Bright Future အဖွဲ့က ဆူရတ်ဂ်ျဂီရီက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့ (နိုဝင်ဘာ ၁ရက်) နံနက် ၁၁နာရီခန့်မှာ ထိုင်း​ရောက်မြန်မာလုပ်သား​တွေစုစည်းထားတဲ့ Bright Future ရဲ့ဆူရတ်ဂ်ျဂီရီအပါအဝင် မြန်မာလုပ်သား​တွေက CIဖျက်သိမ်း‌ပေးရေး၊ ပန်းရောင်ကတ်တစ်မျိုးတည်းနဲ့ နေထိုင်လုပ်ကိုင်ခွင့်ပေးရေး၊ စစ်တပ်ဆီအခွန်မ​ဆောင်​ရေး ၊ဖက်ဒရယ်ဒီမိုက​ရေစီရရှိ​ရေး ၊စစ်အာဏာရှင်စနစ်ကျရှုံး​ရေး စတဲ့​ကြွေး​ကြော်သံ​တွေ ​ကြွေး​​ကြော်ပြီး UN ရုံးရှေ့မှာ သွားရောက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

စတင်ဆန္ဒပြလို့ မိနစ် ၂၀ ​​ကျော်အကြာမှာ ထိုင်းအမျိုးသားရေးအစွန်း​ရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေး(နာမည်ပြောင်)ရဲ့ အဖွဲ့က လူ ၁၀ဦးလောက်က ဆန္ဒပြပွဲဦး​ဆောင်သူ ဆူရတ်ဂ်ျဂီရီကို ရန်ရှာပြီး ထိုးကြိတ်ခဲ့ကြတယ်လို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“သူတို့က CI ဖျက်သိမ်းရေးနဲ့ ဘာဆိုင်လို့လဲ။ မင်းအောင်လှိုင်ရဲ့ ကျွေးထားတဲ့ လူတွေဖြစ်နေလို့ပါ။ နှုတ်ခမ်းမွှေးက ဖူးခပ်ရောက်နေလို့ သူ့လူတွေ ရောက်လာကြတာ။ ၁၀ယောက်လောက်ရှိမယ်။ ကျန်တဲ့သူတွေတော့ ရန်မရှာဘူး။

ဦးဆောင်သူ ကျနော်ဆိုတော့ ကျနော့်ပဲ ရန်ပြုတာ။ ထိုးကြိတ်၊ကန်ကြတယ်။ ဒါပေမယ့် ဆန္ဒပြတာတော့ ပြီးအောင် လုပ်နိုင်ခဲ့တယ်”လို့ ဆူရတ်ဂ်ျဂီရီက ပြောပါတယ်။

အဲဒီဆန္ဒပြပွဲကို ထိုင်းရဲတပ်ဖွဲ့ရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့တာလို့ ဆူရတ်ဂ်ျဂီရီက ဆိုပါတယ်။

ဆန္ဒပြပွဲကို လာရောက်ရန်ရှာသူတွေဟာအာဏာသိမ်းစစ်အုပ်စု နဲ့ CI စခန်းတွေ လုပ်ကိုင်ခွင့်ရထားသူတွေရဲ့ စေခိုင်းမှုတွေကြောင့်လာ​ရောက်ရန်ရှာတာလို့ ဆူရတ်ဂ်ျဂီရီက သုံးသပ်ပါတယ်။

Bright Future (တောက်ပသောအနာဂတ်)ကွန်ယက်ဟာ လက်တလောမှာ ထိုင်းရောက်မြန်မာလုပ်သားတွေကို စစ်တပ်က လုပ်ပေးနေတဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး ပြီးခဲ့တဲ့ အောက်တိုဘာ ၇ရက်က ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီထံသွားရောက်တောင်းဆိုခဲ့ပါတယ်။

Bright Futureအဖွဲ့ နဲ့ဆူရတ်ဂ်ျဂီရီဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအရေးစဥ်ဆက်မပြတ် တောင်းဆိုဆန္ဒပြနေသူတစ်ဦးဖြစ်ပါတယ်။အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်မြို့သွားရောက်ချိန်တိုင်းကန့်ကွက်ကြောင်း ဆန္ဒပြခဲ့သူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၅ရက်က အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်လာတဲ့အပေါ် ကုလသမဂ္ဂ UNရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတဲ့ Bright Futureအဖွဲ့ နဲ့ဆူရတ်ဂ်ျဂီရီကို ထိုင်းနှုတ်ခမ်းမွှေးအဖွဲ့က ရန်ရှာခဲ့ကြပါသေးတယ်။

စစ်အုပ်စုက ထုတ်ပေး​နေတဲ့ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI)မလုပ်ရေး လှုံ့ဆော်တဲ့ကမ်ပိန်း ပြုလုပ်နေရာ မြန်မာလုပ်သားအများအပြားပါဝင်နေကြပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ်မလုပ်ရေးနဲ့ပတ်သက်ပြီးအချက်(၄)ချက်ပါတဲ့တောင်းဆိုလှုပ်ရှားမှုစတင်ခဲ့တာဖြစ်ပါတယ်။

CI မလုပ်ရေး၊ CI Passport မလိုဘဲပန်းရောင်ဘတ်ကတ်နဲ့ Workpermit တွဲပြီး ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်ခွင့်ရရှိရေး၊ Visa မရှိဘဲ Workpermit သက်တမ်းတိုးခွင့်ရရှိရေးနဲ့ Workpermit နဲ့တွဲပြီး ပန်းရောင်ဘတ်ဖြင့် Visa ထုတ်ပေးနိုင်ရေး စတဲ့အချက် ၄ ချက်ကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

CI စာအုပ်ထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ သက်ဆိုင်မှုမရှိဘဲ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်တန်ဖိုးကြေးကလည်း စစ်ကောင်စီသာရရှိမှာဖြစ်ပါတယ်။ ‌ ဒါကြောင့် စစ်ကောင်စီက ​​ငွေရဖို့အတွက် CI စခန်းတွေ ဖွင့်ချင်ပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံမကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဆန္ဒပြပွဲ အကြမ်းဖက်သူ​တွေကိုစုံစမ်းဖော်ထုတ်ပြီး ဥပဒေအရ အရေးယူဖို့ ထိုင်းပြည်သူ့ပါတီအမတ်တိုက်တွန်း

သတင်း

မြန်မာ-ထိုင်းနယ်စပ်တိုက်ပွဲ​တွေမှာ စစ်တပ်က ထိုင်းနိုင်ငံကတဆင့် KNUကို ဖိအားပေးဖို့ ထိုင်းနိုင်ငံဘက်ကို ရည်ရွက်ချက်ရှိရှိနဲ့ လက်နက်ကြီးကျည်တွေပစ်ခတ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ထိုင်းဖက်ခြမ်းက အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု ကြုံတွေ့ခဲ့တယ်လို့ သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံမှာတရုတ်အလုပ်ရှင်ကိုသတ်ဖြတ်ခဲ့မှုအတွက် အလိုရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမား ၄ ဦးကအဖမ်းခံခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။