Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်စဲရေးလက်မှတ်ထိုးရပေမဲ့ မင်းအောင်လှိုင် ပြုတ်ကျရေးဆက်လုပ်ကြရမယ်လို့ TNLA ခေါင်းဆောင် ပြော

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကျင်းပကာ သူ့ကိုယ်သူ သမ္မတလုပ်နေပေမဲ့ မင်းအောင်လှိုင်အစိုးရဟာ လုံး၀ လက်ခံလို့ရတဲ့ အစိုးရ မဟုတ်ကြောင်း တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားပြီး မင်းအောင်လှိုင်ပြုတ်ကျရေးဟာ ဆက်လက်လုပ်ဆောင်ရမယ့်အပိုင်းဖြစ်တယ်လို့ အသိပေးပါတယ်။

(PSLF/TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်။ ဓာတ်ပုံ - TNLA)

နိုဝင်ဘာ ၃၊ ၂၀၂၆။ထားမြတ်/People’s Spring

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရွေးကောက်ပွဲကျင်းပကာ သူ့ကိုယ်သူ သမ္မတလုပ်နေပေမဲ့ မင်းအောင်လှိုင်အစိုးရဟာ လုံး၀ လက်ခံလို့ရတဲ့ အစိုးရ မဟုတ်ကြောင်း တအာင်းတပ်မတော်(PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားပြီး မင်းအောင်လှိုင်ပြုတ်ကျရေးဟာ ဆက်လက်လုပ်ဆောင်ရမယ့်အပိုင်းဖြစ်တယ်လို့ အသိပေးပါတယ်။

PLSF/TNLA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာလထုတ် စာစောင်ကို နိုဝင်ဘာ ၃ရက်မှာ ထုတ်ပြန်ခဲ့ရာ ဒီပလိုမာဘွဲအပ်နှင်းခြင်းအခမ်းအနား တခုမှာ ဗိုလ်ချုပ်တာဘုန်းကျော် ပြောကြားခဲ့တဲ့ မိန့်ခွန်းကို ဖော်ပြခဲ့တာပါ။ အဲဒီမိန့်ခွန်းမှာ ဗိုလ်ချုပ်တာဘုန်းကျော်က မင်းအောင်လှိုင် ဦးဆောင်တဲ့ အစုအဖွဲ့အပေါ် သူ့ရဲ့ အမြင်ကို အခုလို ပြောကြားခဲ့တာပါ။

“ဒီမင်းအောင်လှိုင်ကို ဘယ်လိုပြုတ်ကျအောင်လုပ်ကြမလဲ တကယ် ပြည်သူလူထုတွေ လိုလားတဲ့ ဒီမိုကရက်တစ်အခင်းကျင်းတွေ ကျွန်တော်တို့ ရအောင်လုပ်ကြမ လဲ ဒါကတော့ ဆက်လုပ်ရမဲ့အပိုင်းဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

PLSF/TNLA အနေနဲ့ မတက်နိုင်လို့သာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့ရပေမဲ့ မင်းအောင်လှိုင်အစိုးရဟာ လိုချင်တဲ့အစိုးရမဟုတ်၊ ယုံကြည်ရတဲ့ အစိုးရမဟုတ်ကြောင်း ပြောပါတယ်။

“ အခုအညာမှာဖြစ်ဖြစ် ရခိုင်မှာပဲ ဖြစ်ဖြစ် ခုကျနော်တို့နဲ့ နီးစပ်နေတဲ့ နေရာတွေမှာ ဗုံးတွေလိုက်ကြဲပြီး ခုစစ်ကိုင်းမှာအားလုံး သိကြတဲ့အတိုင်းပဲ ရေကြီးလို့ ဒုက္ခရောက်တာတစ်မျိုး ဗုံးတွေကြဲတာကတစ်မျိုးဆိုတော့ ဒီ သံသရာကြီးကတော့ မင်းအောင်လှိုင် အာဏာသိမ်းကတည်းက ၅ နှစ်ကျော် တောက်လျှောက် ခံခဲ့ရပြီး ခုလည်းခံနေရတုန်းပဲ။ ဒါကြောင့်မို့ မင်းအောင်လှိုင်ကို ကျွန်တော်တို့က နွေဦးတော်လှန် ရေးနဲ့အတူ ပြည်သူအများစုက ဘယ်သူမှလက်မခံနိုင်ဘူး” လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ပြောပါတယ်။

ဒါပေမဲ့ Non – CDM ဝန်ထမ်းတွေက မင်းအောင်လှိုင်ဘက်ထောက်ခံနေကြောင်း၊ ကြားမှာနေတဲ့ ပြည်သူလူထုတွေကလည်း တော်လှန်ရေးမလုပ်ပေမဲ့ မင်းအောင်လှိုင်ကို ကြိုက်နေတာမဟုတ်ကြောင်း ပြောကြားပါတယ်။

” ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိကြတဲ့အတိုင်းပဲ မင်းအောင်လှိုင်အာဏာသိမ်းလိုက်တဲ့ ၅ နှစ်မှာ အရပ်သားအစိုးရ လုပ်လိုက်ပြီး ရက် ၁၀၀ နောက်ပိုင်း သုံးလေးငါးလအတွင်း ကြက်ဥဈေးတစ်လုံး ၇၀၀/၈၀၀ တစ်ချို့နေရာဆို ၁၀၀၀ လောက်ရှိပြီး အရင်က ကြက်ဥဈေး ၁၀၀ ဝန်းကျင်ရှိတာကိုး ဟုတ် တယ်မလား။ဆိုတော့ အစစအရာရာ အားလုံးက လူမှုဘဝလုံခြုံမှုကင်းမဲ့တာ စီးပွားရေးလုံခြုံမှုအားလုံး ကင်းမဲ့နေတယ် ဒီအခြေအနေအခင်းအကျင်းကို ကျွန်တော်ထင်တယ် ဗမာပြည်မှာရှိတဲ့ မတက် နိုင်လို့ ဝန်ထမ်းလုပ်နေတဲ့သူတောင်မှ CDM မလုပ်ရဲတဲ့ ဝန်ထမ်းတွေတောင်မှ မင်းအောင်လှိုင် မှားနေတယ် ဒီအစိုးရမှားနေတယ်ဆိုတာကို သဘောပေါက်တယ်” လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ပြောပါတယ်။

ဗမာပြည် အခြေအနေ တစ်ရက်ထက်တစ်ရက် ပိုမိုဆုတ်ယုတ်နိမ့်ကျလာတာ ၊ ပညာရေး စီးပွားရေး ကဏ္ဍအသီးသီး ဆုတ်ယုတ်နေတာ အားလုံးသိကြတယ်လို့လည်း TNLA ခေါင်းဆောင်က ပြောပါတယ်။

မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက် ပြောကာ ဆွေးနွေးပွဲတွေ ဖိတ်ကြားခဲ့ပေမဲ့ စစ်ခေါင်းဆောင်တွေ ဦးဆောင်တဲ့ ဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ မြန်မာပြည်အတွက် အဖြေရှာပေးနိုင်တဲ့ ဆွေးနွေးပွဲတွေ မဟုတ်ဘူးလို့ လည်း ပြောပါတယ်။

မင်းအောင်လှိုင်ဟာ တရုတ်ပြည်ရဲ့ ထောက်ခံမှု အပါအဝင် အာဏာရှင်နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရထားကြောင်းလည်း TNLA ခေါင်းဆောင်က ပြောပါတယ်။

“အဆိုးဆုံးကတော့ ဒီမိုကရေစီလို ဒီ မိုကရက်စ်တစ်နိုင်ငံတွေက ရေငုံနှုတ်ပိတ်နေတာကိုတော့ အဆိုးဆုံးပေါ့။ သူထောက်ခံမှုရတာ ကတော့ သိပ်ပြဿနာမရှိဘူး။ ဒါပမယ့် ခုနကျွန်တော်ပြောတဲ့ ဒီမိုကရက်စ်တစ်ဆိုတဲ့ နိုင်ငံတွေ ကအစ အကုန်လုံးရေငုံနှုတ်ပိတ်နေတော့ ကျွန်တော်တို့အခြေအနေက ဒီလိုတော်လှန်ရေးလုပ် ရတာ ကြာသွားတာပေါ့” လို့ ဗိုလ်ချုပ်တာဘုန်းကျော်က ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်ဗုံးကြဲမှုတွေကို အားလုံးအသိဖြစ်ပေမဲ့ ဘယ်နိုင်ငံကမှ အရေးယူဆောင်ရွက်တာ မရှိတဲ့အပြင် နောက်ပိုင်းမှာ ပါးစပ်ကထုတ်ပြောတာ တောင်မရှိတာဟာ ဝမ်းနည်းစရာ လို့ TNLA ခေါင်းဆောင်က ပြောပါတယ်။

TNLA ဟာ မဟာမိတ်တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးဖော်ဆောင်ကာ စစ်တပ်စခန်းရာချီနဲ့ မြို့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်၊ တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် မြို့အချို့ ပြန်လက်လွှတ်ခဲ့ရသလို ၂၀၂၅ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီနဲ့ အပစ်ရပ်စဲခဲ့ရပါတယ်။ စစ်တပ်နဲ့ အပစ်ရပ်စဲရေး ၁နှစ်တာအတွင်း TNLA နဲ့ စစ်ကောင်စီအကြား ဆွေးနွေးမှုအချို့ ရှိခဲ့ပေမဲ့ TNLA ခေါင်းဆောင်က မင်းအောင်လှိုင်အပါအဝင် စစ်အာဏာရှင် အဖွဲ့အစည်းတွေ ပြုတ်ကျရေး လုပ်ဆောင်ဖို့ လိုအပ်တဲ့ သဘောထားအမြင်ကို အခုလို ထုတ်ဖော်ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

Facebook