Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့နယ် အမြောက်တပ် (၃၁၆ )က တပ်ကြပ်ကြီး ၁ဦးကို ရေးဘီလူး ဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်က အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမြောက်တပ် (၃၁၆ )က တပ်ကြပ်ကြီး ၁ဦးကို ဖမ်းမိတယ်လို့ ရေးဘီလူးတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

(အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမြောက်တပ် (၃၁၆ )က တပ်ကြပ်ကြီးကို​ရေးဘီးလူးအဖွဲ့ကဖမ်းဆီးထားစဥ်။ဓါတ်ပုံ- ရေးဘီလူး)

နို၀င်ဘာ-၄၊၂၀၂၆။မိုမို/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့နယ်က အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အမြောက်တပ် (၃၁၆ )က တပ်ကြပ်ကြီး ၁ဦးကို ဖမ်းမိတယ်လို့ ရေးဘီလူးတပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

တပ်ကြပ်ကြီး ကျော်သူ၀င်းကို ဒီကနေ့(နို၀င်ဘာ ၄ ရက်)ညနေ ၅ နာရီ၀န်းကျင်မှာ အမြောက်တပ် (၃၁၆) အနီးမှာ လက်ပစ်ဗုံး ၁လုံးနဲ့အတူ ဖမ်းဆီးရရှိခဲ့တာလို့ ဆိုပါတယ်။

” တပ်ထဲကလမ်းကင်းအသွားမှာ ဖမ်းတာပါ။အရှင်ဝင်ဖမ်းတာ”လို့ ရေးဘီလူးတပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

(၃၉)နှစ်အရွယ် တပ်ကြပ်ကြီး ကျော်သူဝင်းကို ဖမ်းဆီးရမိမှုနဲ့ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကို ထိန်းသိမ်းထားဦးမယ်လို့ သူက ဆိုပါတယ်။

မနေ့က နေ့လယ်ပိုင်းကလည်း ရေးမြို့တံတားစစ်ဆေးရေးကင်းဂိတ်စခန်းက စစ်တပ် ဗိုလ် ၁ ဦးနဲ့ စစ်မှုထမ်း ၁ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရေးဘီလူးတပ်ရင်းက အသိပေးထားပါတယ်။သူတို့ ၂ဦးပစ်ခတ်မှုအတွင်း မူးယစ်ဆေးဝါးတချို့ ပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရေးဘီလူးတပ်ရင်းက ရေးမြို့နယ်အတွင်း စစ်တပ်အခြေစိုက်ရာ စခန်းတွေနဲ့ ရေးမြို့နယ်နဲ့ကပ်လျက်ရေဖြူမြို့နယ်က စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ရေးမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၉)နဲ့ လက် အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခလရ-၆၁၊ ခလရ ၁၀၆၊ခလရ -၂၉၉၊ ခမရ -၃၄၃ ၊ ခမရ -၅၈၆၊ ခမရ ၅၈၈၊ ခမရ -၂၈၇ ၊ အမြောက်တပ်ရင်း အမှတ်(၃၁၆(နဲ့ (၃၁၇)တပ်ရင်း တွေရှိပါတယ်။

စစ်တပ်က ရေးမြို့နယ်အပါအဝင် ရန်ကုန်-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာကြောင့် ပြီးခဲ့တဲ့ နှစ်ကစပြီး ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

Facebook