Connect with us

Hi, what are you looking for?

သတင်း

ဆတ်သွားရွာအနီးမှာ ရဲတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်၊ ရဲ ၂ဦးသေပြီး လက်နက်နဲ့ကျည်တချို့ သိမ်းရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာအနီး ပြည်သူတွေပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့စစ်တပ်လက်အောက်ခံ ရဲတွေကို တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး လက်နက်နဲ့ကျည်တချို့ သိမ်းရတယ်လို့ နေပြည်တော်တပ်ရင်း (၉၀၂)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

နို၀င်ဘာ-၄၊၂၀၂၆။ဖိုးသား၊အိမ်သွင်/People’s Spring

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ် ဆတ်သွားကျေးရွာအနီး ပြည်သူတွေပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့စစ်တပ်လက်အောက်ခံ ရဲတွေကို တိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး လက်နက်နဲ့ကျည်တချို့ သိမ်းရတယ်လို့ နေပြည်တော်တပ်ရင်း (၉၀၂)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကုက္ကိုလ်ကုန်းရဲစခန်းက ရဲ ၆ဦးကို ဆတ်သွားကျေးရွာအနီး ဆတ်သွား-လယ်ဝေးလမ်းပိုင်းပေါ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်က တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

ရုပ်သံမှတ်တမ်းအရ တိုက်ခိုက်မှုအတွင်း သေဆုံးတဲ့ ရဲ ၂ဦးနဲ့ MA-13 ၁လက် အပါအ၀င် ၎င်းတို့စီးနင်းခဲ့တဲ့ ဆိုင်ကယ်တွေကို တော်လှန်ရေးရဲဘော်တွေက ရှင်းလင်းနေတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုကို ရိုးမဖိုက်တာစစ်ကြောင်း၊ မကွေး-တောင်တွင်းကြီး အထူးပြောက်ကျားတပ်ဖွဲ့နဲ့တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဏ္ဏဝတီ)တို့က ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။

ရိုးမဖိုက်တာစစ်ကြောင်းကို အမှတ် (၁) စစ်ဒေသလက်အောက်က အောင်လံ ပ.က.ဖ၊ သရက်ခရိုင် အမှတ် (၁) တပ်ရင်း၊နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ (၁၇) လက်အောက် နေပြည်တော်တပ်ရင်း (၉၀၂) နဲ့ နေပြည်တော်တပ်ရင်း (၈၀၄) တို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကင်းပတ်၊ ဂိတ်ချစစ်ဆေးပြီး ပေါ်တာဆွဲနေတဲ့ စစ်ကောင်စီတပ်တွေကို အရှိန်မြှင့်တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၁လကျော်ကလည်း တောင်တွင်းကြီးမြို့နယ် ရန်ကုန် – မန္တလေး အမှတ်(၂) ပြည်ထောင်စုလမ်းမကြီးပေါ်က တောင်တွင်းကြီး – အောင်လံလမ်းပိုင်း၊ သက္ကယ်ကျင်းကျေးရွာအထိုင်ဂိတ် နဲ့ ပရပ်ကြယ်ရဲစခန်းက ရဲတပ်သား၂ ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ် အဓိကအခြေစိုက်ရာ နေပြည်တော်ရဲ့ အနောက်ဘက်ခြမ်းက တောင်တွင်းကြီးအပါအ၀င် မြို့သစ်နဲ့ နတ်မောက်မြို့နယ်မှာ အခုနှစ်အတွင်း တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား မကြာခဏထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။

“အဲဒီတိုက်ပွဲဖြစ်တာ ကျွန်တော်တို့သိတယ်။ လူငယ်တွေက လုံခြုံရေးအရစစ်ချရတဲ့အချိန်ကျမှသတင်းထုတ်လာတာ။တကယ် အားရကျေနပ်တယ်”လို့ တောင်တွင်းကြီးမြို့ခံတစ်ဦးက ပြောပါတယ်။

နေပြည်တော်တပ်ရင်း (၉၀၂) တာ၀န်ရှိသူကလည်း “တောင်တွင်းကြီးနယ်မြေအနှံ့မှာ စကစ တပ်သားတွေကို ဖြုတ်နိုင်ဖို့အမြဲအဆင်သင့်ရှိနေပြီ”လို့ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ

Facebook