Connect with us

Hi, what are you looking for?

News

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်ကို သုံး နေရာခွဲ၍ မိုင်းခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်မှ ၁၄ ဦးသေ

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ နေ့အထိ စစ်ကောင်စီတပ်သား ၂၀ သေဆုံးခဲ့သည်။

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်ယာဥ်တန်းအား သုံးနေရာခွဲ၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ဂန့်ဂေါ)မှ ယနေ့(ဒီဇင်ဘာ ၂၉) ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုများအနက် ယနေ့တွင် ဂန့်ဂေါဘက်မှ ကလေးဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဥ်တန်းအား မိုင်တိုင် ၃၂၊ ၃၄ နှင့် ၃၅ အနီးတို့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

မိုင်တိုင်(၃၂)အနီးတိုက်ခိုက်မှုကို PDF-GanGaw တပ်ခွဲ (၂၁)ဗိုလ်ရွှေကျားအဖွဲ့က တာဝန်ယူတိုက်ခိုက်ပြီး မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ မိုင်တိုင်(၃၄)အနီးတွင်လည်း PDF-GanGaw တပ်ခွဲ(၇)နွေဦးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား ခြောက်ဦး​သေဆုံးသွားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မိုင်တိုင်(၃၅)အနီးနားအရောက်တွင် PDF- GanGaw တပ်ခွဲ(၃) ဗိုလ်မြတ်ထွန်းအဖွဲ့က မိုင်းဆွဲ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိမှန်ပျက်စီးသွားပြီး PDF-GanGaw တော်လှန်ရေးရဲဘော်များမှာ အထိ အခိုက် မရှိခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ဒီဇင်ဘာ ၂၆ ရက်မှ ၂၈ နေ့အထိ စစ်ကောင်စီတပ်သား ၂၀ သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook