Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့နယ်မှာ စူပါအယ်လ်နီညိုအန္တရာယ် အသိပညာပေးဟောပြော

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှာရှိတဲ့ ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းမှာစူပါအယ်လ်နီညိုအန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲကို ဒီကနေ့ (နိုဝင်ဘာ ၄) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ-၄၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှာရှိတဲ့ ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းမှာစူပါအယ်လ်နီညိုအန္တရာယ်နဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲကို ဒီကနေ့ (နိုဝင်ဘာ ၄) မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုကို ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ဦးဆောင်ကော်မတီက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဦးဆောင်သူတွေက ဒေသခံပြည်သူတွေကို စူပါအယ်လ်နီညိုအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် အသိပညာတွေကို မျှဝေဟောပြောခဲ့ကြတာပါ။

စူပါအယ်နီညိုကြောင့် မိုးခေါင်ရေရှားခြင်း၊ အပူချိန် အဆမတန် မြင့်တက်လာခြင်းနဲ့ သောက်သုံးရေ ပြတ်လပ်မှုစတဲ့ သဘာဝဘေးအန္တရာယ် ပြဿနာများကို ရင်ဆိုင်ရဖွယ်ရှိနေတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရန်လည်း သပိတ်ဦးဆောင်သူတွေက သတိပေးနှိုးဆော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရာသီဥတုဖောက်ပြန်မှုဒဏ်ခံနိုင်ရည်ရှိစေရေး ၊ သောက်သုံးရေ ခြိုးခြံချွေတာသိုလှောင်ရေးနဲ့ အပူဒဏ်ကြောင့် ဖြစ်ပွားတတ်တဲ့ ကျန်းမာရေးပြဿနာ ကာကွယ်ရေးဆိုင်ရာ အချက်အလက်တွေ ပါဝင်တဲ့ လက်ကမ်းစာစောင်တွေကိုလည်း ဒေသခံတွေထံ ဖြန့်ဝေပေးခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်ဦးဆောင်ကော်မတီ

ဆက်စပ်သတင်းများ

Facebook