Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနား-နမ္မတီးကြားမှာ စစ်တပ်ယာဉ်တန်း KIA ပူးပေါင်းတပ် တိုက်ခိုက်၊ ကား ၁စီး ပျက်စီး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ဘက်ကို လာတဲ့ စစ်တပ်ယာဉ်တန်းတွေကို မြစ်ကြီးနားနဲ့ နမ္မတီးမြို့နယ်အကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Jithu Magar)

နိုဝင်ဘာ ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ဘက်ကို လာတဲ့ စစ်တပ်ယာဉ်တန်းတွေကို မြစ်ကြီးနားနဲ့ နမ္မတီးမြို့နယ်အကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

နိုဝင်ဘာ ၄ရက် မနက်မှာ မိုးကောင်းမြို့နယ်ကနေ မြစ်ကြီးနားမြို့ဘက်လာတဲ့ ယာဉ်အစီးရေ ၁၃၀ ပါတဲ့ ယာဉ်တန်းကို မိုးမောင်းမြို့နယ် မရမ်းကျေးရွာအနီးမှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်တပ်က ကား ၁စီး ထိခိုက်ပျက်စီးခဲ့ကြောင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ် သေဆုံးထိခိုက် အခြေအနေတွေကိုတော့ ဖော်ပြမထားပါဘူး။

စစ်တပ်ဘက်ကလည်း နမ္မတီး-မြစ်ကြီးနားကားလမ်းတလျှောက် လုံခြုံရေးတင်းကြပ်စွာ ယူထားကြောင်း လည်း ဖော်ပြထားပါတယ်။ အဲဒီ စစ်ယာဉ်တန်းအားလုံး မြစ်ကြီးနား ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ဦးတည်နေတာလို့ဆိုပါတယ်။

ဒါ့အပြင် မပခက စစ်အင်အားအချို့ ကချင်ပြည်နယ် တနိုင်းမြို့ကို ထွက်ခွာသွားတာရှိတယ်လို့ အသိပေးထားပါတယ်။

နိုဝင်ဘာ ၄ရက်မှာ မပခစစ်တိုင်းက ကား ၂စီးဟာ စစ်အင်အား ၁၀၀ ခန့်နဲ့ တနိုင်းလီဒီုလမ်းဘက် ထွက်ခွာသွားတယ်လို့ဆိုပါတယ်။

လီဒိုလမ်းပိုင်းမှာလည်း စစ်တပ်က ခရီးသွားတွေကို ပိုမိုတင်းကြပ်စွာ စစ်ဆေးမှုတွေ လုပ်ဆောင်နေသလို စစ်တပ် လက်အောက်ခံ မင်းဇေသန့် ပြည်သူ့စစ်ကလည်း တနိုင်းဒေသမှာ စစ်ဆေးမှုတွေ တင်းကြပ်စွာ လုပ်ဆောင်ကာ ဒေသခံတွေကိုဖမ်းဆီးတာ၊ ငွေကြေးတွေသိမ်းယူတာတွေလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

KIAနဲ့ စစ်တပ်ဟာ ရှမ်းမြောက်မိုးမိတ်မြို့နယ်မှာ တိုက်ပွဲဆက်ရှိနေကြောင်းလည်း KIA သတင်း ပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

KIA တပ်မဟာ(၄) တပ်ရင်း(၃၆)နယ်မြေ ဖြစ်တဲ့ မိုးမိတ် မြို့နယ် ၇မိုင်နဲ့ ၈မိုင်မှာ နိုဝင်ဘာ ၄ရက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ အသိပေးပါတယ်။ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားမှု ဆက်လုပ်နေလို့ တိုက်ပွဲတွေ ဖြစ်နေတာလို့ ဖော်ပြပါတယ်။ တိုက်ပွဲမှာ စစ်တပ်က မြေပြင် စစ်ကြောင်းထိုးတာအပြင် လက်နက်ကြီး၊ ဒရုန်း၊ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ကြောင်း အသိပေးပါတယ်။

အဲဒီဒေသမှာ စစ်တပ်က ခမရ(၁၁၄)၊ ၁၁၅ နဲ့ ၅၀၆ တပ်ရင်းတွေ ပူးပေါင်း စစ်ရေးလှုပ်ရှားနေတာလို့ ဆိုပါတယ်။

KIAနဲ့ စစ်တပ်ဟာ မိုးမိတ်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာ တလကျော်ကြာပြီဖြစ်ပြီး တိုက်ပွဲ အတွင်း စစ်တပ်ဘက်ကထိခိုက်ကျဆုံးမှုများပြားခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

Facebook