Connect with us

Hi, what are you looking for?

သတင်း

မတ္တရာအနောက်ခြမ်းမှာ စစ်တပ်က လက်နက်ကြီးထိမှန်ပြီး ဒေသခံ၁ဦး သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ငယ်တိုးကျေးရွာမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရေလည်ကျွန်းရွာအနီးကျကာ အမျိုးသား ၁ဦး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မတ္တရာမြို့နယ်အနောက်ခြမ်း ဆင်ကုန်းရွာနဲ့ ပိုဝ (မြောက်) ရွာမှာ စစ်တပ် မီးရှို့လို့ မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ- Wetlet Information Network)

နိုဝင်ဘာ-၈၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ငယ်တိုးကျေးရွာမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရေလည်ကျွန်းရွာအနီးကျကာ အမျိုးသား ၁ဦး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

‌နိုဝင်ဘာ ၈ ရက် ဒီကနေ့မနက် ၁၁နာရီဝန်းကျင်က ငယ်တိုးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က အနောက်ဘက် ကျွန်းပေါ်ကျေးရွာတွေကို လက်နက်ကြီး တွေနဲ့ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

လက်နက်ကြီးတွေဟာ ‌‌‌ကျေးရွာတွေ အတွင်းကျရောက်ပြီး ရေလည်ကျွန်းရွာအနီးက ပျဉ်ကာရွာအတွင်းကျကာ အသက်၆၀ ကျော်အရွယ် အမျိုးသား ၁ဦး ထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ရေလည်ကျွန်း ဘေးကရွာ သေးသေးလေးတွေရှိတာ။အဲဒီရွာထဲကိုကျတာ။‌ ပစ်တာက ၄လုံးပစ်တာပါ။ဒေသခံ တွေသေတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ဟာ မတ္တရာမြို့နယ်အနောက်ခြမ်းက ငယ်တိုးနဲ့သဖန်းထောင့်ကျေးရွာမှာ အဓိက အထိုင်ချထားပြီး စစ်ကိုင်းမြို့နယ်နဲ့ မတ္တရာမြို့နယ်က ရေလည်ကျွန်းတွေကို ဆက်တိုက်လက်နက်ကြီးပစ်တာ၊ဒရုန်းဗုံးချတာ တွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းမှာလည်း မတ္တရာမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်အမျိုးသမီး၂ဦးသေဆုံးကာ ပြည်သူ၅ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

"ရှေ့ဆောင် နွား ဖြောင့်ဖြောင့်သွားက နောက်နွား တစ်သိုက် ဖြောင့်ဖြောင့် လိုက်၏" တဲ့။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်က စစ်တပ် တပ်စွဲရာ နေရာ ၃ခုကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရာမညမွန်တပ်တော်(RMA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းအနောက်ခြမ်းက အာဏာသိမ်းစစ်တပ်ရဲ့ ပွိုင့်ကုန်းစခန်းတွေကို တော်လှန်ရေးတပ်တွေက တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတွေ အပါအ၀င်လက်နက်ကြီးနဲ့ နေ့စဉ် တိုက်ခိုက်နေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ်လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။