Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA တပ်သား ၁ဦး KIA ထံ ထပ်မံ အလင်းဝင်

အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA က တပ်သား ၁ဦး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်လာကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။

(KIA ထံ အလင်းဝင်လာတဲ့ ရှမ်းနီတပ် SNA တပ်သား ။ ဓာတ်ပုံ - Kachin Soldiers)

နိုဝင်ဘာ ၁၀၊ ၂၀၂၆။ ထားမြတ်၊အိမ်သွင်/People’s Spring

အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA က တပ်သား ၁ဦး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်လာကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။

နိုဝင်ဘာ ၆ရက်က မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ဟဲပါးကျေးရွာရှိ SNA တပ်သား ၁ဦးဟာ လက်နက် ၁လက်၊ ကျည်ဆံတွေ၊ ကျည်ဘောက်တွေနဲ့ လက်ပစ်ဗုံး ၁လုံးယူဆောင်ပြီး KIA တပ်မဟာ(၉) တပ်ရင်း(၂၆)ထံ အလင်းဝင်လာတယ်ဆိုတဲ့ သတင်းအပေါ် အခုလို အတည်ပြုပေးတာဖြစ်ပါတယ်။

အရင်ကလည်း SNA တပ်သား အချို့ KIA ထံ အလင်းဝင်ရောက်ခဲ့ဖူးတဲ့ ဖြစ်စဉ်အချို့ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

” ဒီနောက်ပိုင်း အလင်းဝင်လာတဲ့သူတွေလိုပဲ သေနတ်နဲ့ကျည်တွေပါ ယူလာတာ။ သူကို ဂုဏ်ပြုဆုငွေ ပေးပြီး သွားချင်တဲ့ လွတ်မြောက် ဒေသကို ပို့လိုက်ကြပြီ”လို့ KPDF သတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်ဟာ စက်တင်ဘာလကုန်ပိုင်းကစပြီး ဖားကန့်၊ မိုးညှင်း၊ ဟုမ္မလင်း စတဲ့ဒေသတွေက SNA တပ်စခန်းတွေ တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိပါတယ်။

အောက်တိုဘာ ဒုတိယပတ်က SNA တပ်မဟာ(၈၉၁) တပ်ရင်း(၄) တပ်ဖွဲ့က ရဲဘော် ၃ဦးဟာ လက်နက်နဲ့အတူ KIA တပ်မဟာ(၉) တပ်ရင်း(၂၆) တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ပါသေးတယ်။အဲဒီတုန်းက အလင်းဝင်ရောက်လာသူတွေကို ဆုငွေပေးအပ်တာရှိခဲ့ပါတယ်။

KIO/KIA အနေနဲ့ ကချင်ပြည်နယ်အတွင်းက ပြည်သူ့စစ်တွေအပြင် အခြားဒေသက စစ်ကောင်စီလက်အောက်ခံတပ်တွေ အလင်းဝင်လာရင် သက်ဆိုင်ရာ တပ်မဟာအလိုက် ထိုက်သင့်တဲ့ ဆုတွေပေးအပ်တာမျိုးရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြထားပါတယ်။ အလင်းဝင်လာသူတွေကို ဆုငွေပေးတာအပြင် နေစရာ၊ စားစရာ စီစဉ်ပေးတာတွေကို အရင်ကတည်းက ပြုလုပ်ခဲ့ပေမဲ့ သတင်းထုတ်ပြန်တာမရှိခဲ့ဘူးလို့ ပြောပါတယ်။

“အခု ဒီနွေဦးတော်လှန်ရေးဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ NUGကနေလည်း ကျယ်ကျယ်ပြန့်ပြန့် အဲဒီလိုမျိုး အလင်းဝင်ဖို့အတွက်ဆော်ဩထားတဲ့ဟာတွေ ပေါ်လစီတွေ ချမှတ်လာတဲ့အခါကျတော့ ကျနော်တို့ဆီမှာလည်း မနေသာတော့ပါဘူး။ ကျနော်တို့ဆီ ရောက်လာတဲ့ သူတွေကိုလည်း ကျနော်တို့က ထိုက်သင့်သလို ဆုတွေ ပေးအပ်ပြီးမှ အရင်ကတည်းက ပေးအပ်ထားတဲ့ မူဝါဒအတိုင်း ပေးအပ်ပြီး မှ သတင်းထုတ်ပြန်လာတာတွေရှိတာပေါ့။ အခုမှ သတင်းထုတ်ပြန်လာတဲ့အခါကျတော့ ပြည်သူတွေက အခုမှ သိကြတာပါ” လို့ KIA တပ်မှူးတစ်ဦးက ပြောပါတယ်။

KIO/KIAထံ အလင်းဝင်လာသူတွေကို ပြည့်ပြည့်စုံစုံထောက်ပံ့ပေးတာဖြစ်လို့ စစ်တပ်လက်အောက်ကနေ ရုန်းထွက်ပြီး အလင်းဝင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

SNA တပ်ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ် နဲ့ပူးပေါင်းပြီး တော်လှန်ရေးတပ်တွေကို တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ SNA က စစ်တပ်လက်အောက်ခံအဖြစ် ရပ်တည်နေတဲ့အပေါ် ရှမ်းနီ တိုင်းရင်းသားတွေကိုယ်တိုင်က ဝေဖန်မှုတွေရှိနေပါတယ်။

SNA တပ်တွင်းမှာ ရှမ်းနီတိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာတွေလည်းရှိနေတယ်လို့ အလင်းဝင်ရဲဘော်တွေက တော်လှန်ရေးတပ်တွေကို ထုတ်ဖော်ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၇ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ဝန်းသိုမြို့နဲ့ ထီးချိုင့်မြို့ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ၂ ကြောင်းလုံး စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး သေဆုံး၊ အလင်းဝင်သူတွေ အများအပြား ရှိတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။