Connect with us

Hi, what are you looking for?

သတင်း

မြန်မာလုပ်သားအရေးတက်ကြွလှုပ်ရှားသူ ဆူရတ်ကိုထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ဟုဆို

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားတောင်းဆိုသူ တစ်ဦးအဖြစ် ထင်ရှားတဲ့ဆူရတ် (ဝီရဆဲန်ထောင်) ကို ထိုင်းတရားရုံး တစ်ခုက ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

​နိုဝင်ဘာ-၁၀၊၂၀၂၆။People’s Spring

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားတောင်းဆိုသူ တစ်ဦးအဖြစ် ထင်ရှားတဲ့ဆူရတ် (ဝီရဆဲန်ထောင်) ကို ထိုင်းတရားရုံး တစ်ခုက ဖမ်းဝရမ်း ထုတ်လိုက်တယ်လို့ ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

ထိုင်း​ရောက်မြန်မာလုပ်သား​တွေစုစည်းထားတဲ့ Bright Future ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဝီရရဲ့ မွေးစာရင်းကို ဒေသဆိုင်ရာ အာဏာပိုင်တွေက ပယ်ဖျက်လိုက်တဲ့နောက် နိုဝင်ဘာ ၉ ရက်မှာ ကန်ချနာဘူရီ ပြည်နယ်ရဲ့ တရားရုံး တစ်ခုက သူ့ကို ဝရမ်းထုတ်လိုက်တာလို့ Khaosod သတင်းဌာနက​ဖော်ပြပါတယ်။

ကန်ချနာဘူရီမှာရှိတဲ့ ဆိုင်ယောက်ခရိုင် မှတ်ပုံတင်ရုံးက ဆူရတ်ရဲ့ မွေးစာရင်းမှာ အချက်အလက် အမှားတွေ အစိုးရဆီ တင်ပြထားတယ်လို့ စွပ်စွဲပြီး အထောက်အထား အချက်အလက်တွေကို ရဲတပ်ဖွဲ့ဆီ ပေးပို့ခဲ့တဲ့နောက် တရားရုံးက အခုလို ဖမ်းဝရမ်း ထုတ်ပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဝရမ်းအရတော့ ဆူရတ်ဟာ အချက်အလက် အမှားတွေ၊အတုတွေကိုထုတ်လုပ်တာ၊ အသုံးပြုတာ၊ တင်ပြတာတွေ၊ ဒါမှမဟုတ် ကိုယ်တိုင်အတွက်ဖြစ်စေ၊ တခြားသူ တစ်ယောက်ယောက်အတွက်ဖြစ်စေ သန်းခေါင်စာရင်း၊ ဒါမှမဟုတ် တခြား မှတ်ပုံတင် စာရွက်စာတမ်းတွေကို တရားမဝင် ရယူခဲ့တာစတဲ့ စွပ်စွဲမှုတွေကို ခံထားရပါတယ်။ စွဲချက်တွေအတွက် အမြင့်ဆုံး ပြစ်ဒဏ်က ထောင် ၃ နှစ်ကျော်ထိ ချနိုင်တယ်လို့ဆိုပါတယ်။

နာမည်ရင်း ဆူရတ် ကီရီ ဖြစ်တဲ့ ဝီရဟာ ထိုင်းနိုင်ငံသား ဖြစ်ခွင့်အတွက် မွေးစာရင်းနဲ့ မွေးဖွားရာဇာတိ အပါအဝင် အချက်အလက်တွေ ဖြည့်သွင်းရာမှာ အထောက်အထား မမှန်ကန်တာတွေ၊ မကိုက်ညီတာတွေ ရှိနေကြောင်း စွပ်စွဲခံထားရပါတယ်။

သူဟာ ၂၀၀၈ ခုနှစ်တုန်းက ကန်ချနာဘူရီမှာ နိုင်ငံမဲ့ဖြစ်နေသူတွေကိုစိစစ်ပြီးယာယီ အထောက်အထားကတ်တွေ ပြုလုပ်ပေးတဲ့ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မှတ်ပုံတင်နဲ့ မွေးစာရင်း အချက်အလက်တွေ မှားယွင်းနေတာ၊ ရှေ့နောက်မညီတာတွေကို အာဏာပိုင်တွေက စိစစ် တွေ့ရှိခဲ့သလို သူက ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တာပါဆိုပြီး သက်သေ ခံပေးသူ ၅ ဦးရဲ့ ထွက်ချက်တွေမှာလည်း ကွဲလွဲချက်တွေ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။

ဆူရတ်ဟာ ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေအတွက် အားပေးမြှင့်တင်ပေးသူ တစ်ဦးအဖြစ် လူသိများပါတယ်။ သူဟာ အာဏာသိမ်း မြန်မာစစ်တပ်ကထုတ်​​ပေးတဲ့ CI အပါအဝင်စာရွက်စာတမ်းတွေ ကန့်သတ်တာ၊ မူဝါဒတွေ တင်းကျပ်တာတွေကို အဓိက ဆန့်ကျင်ပြီး မြန်မာအလုပ်သမား​တွေကို ထိုင်းအစိုးရကထုတ်​ပေးတဲ့ ပန်း​ရောင်ကတ်တစ်ခုတည်းနဲ့ ထိုင်းမှာ​နေထိုင်လုပ်ကိုင်ခွင့်​ပေးဖို့ ​တောင်းဆိုလေ့ ရှိပါတယ်။

မကြာသေးခင်ကလည်း ဆူရတ်ဟာ မြန်မာ အလုပ်သမားတွေအတွက် စစ်အုပ်စုက ​ငွေ​ကြေးများစွာ​ကောက်ခံပြီးလုပ်​ပေးမယ်ဆိုတဲ့ CI ကတ်စနစ်ကိုပယ်ဖျက်ဖို့ ၊ပန်း​ရောင်ကတ်နဲ့​နေထိုင်လုပ်ကိုင်ခွင့်ရဖို့ ၊မြန်မာစစ်အာဏရှင်ကို ဆန့်ကျင်ဖို့ဘန်ကောက်မြို့ကကုလသမဂ္ဂ (UN) ရုံးရှေ့မှာ စုဝေး ဆန္ဒပြကြတဲ့ အစီအစဉ် တစ်ခုကို ဦးဆောင်ခဲ့ပါတယ်။ အဲဒီ ဆန္ဒပြပွဲအတွင်းမှာ ထိုင်းက အမျိုးသားရေး အစွန်းရောက် ဝါဒီတချို့ကလာ​ရောက် ရတိုက်ခိုက်မှုနဲ့လည်း ခံခဲ့ပါတယ်။

ဒါ​ကြောင့်တရားဝင်ဆန္ဒပြတာကို လာ​ရောက်တိုက်ခိုက်သူ​တွေကို ထိုင်းရဲစခန်းနဲ့ ထိုင်းလူ့အခွင့်အ​ရေး​ကော်မရှင်တို့ထံမှာတိုင်ကြားထားပါတယ် ။အဲဒီ​နောက် ထိုင်းနှုတ်ခမ်း​မွေး အပါအဝင်ထိုင်းအမျိုးသားရေးအစွန်းရောက်ဝါဒီ​တွေက ဆူရတ်ဟာ ထိုင်းနိုင်ငံထဲမှာ တရားမဝင်စာရွက်စာတမ်း​အ​ထောက်အထား​တွေကို ကိုင်​ဆောင်ထားတယ်ဆိုပြီး စွပ်စွဲလာပြီး​​နောက် အခုလိုဖမ်းဝရမ်းထုတ်ခံရတာဖြစ်ပါတယ် ။

ဆူရတ်ဟာမြန်မာလုပ်သား​တွေအခွင့်အ​ရေးအတွက် ထိုင်းလွှတ်​တော်အထိသွား​ရောက်​တောင်းဆိုတင်ပြ​ခဲ့သလို ၊စစ်တပ်အာဏာသိမ်းပြီး​​နောက်ပိုင်းမင်း​အောင်လှိုင်ထိုင်းကိုလာတိုင်း စစ်အာဏာရှင်ကိုဆန့်ကျင်​ကြောင်းဆန္ဒပြပွဲ​တွေကို တရားဝင်ခွင့်ပြုချက်နဲ့ ဆက်တိုက်ဆန္ဒပြသူဖြစ်ပါတယ်။

အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး People’s Spring ကဆူရတ်ကိုဆက်သွယ်​မေးမြန်းဖို့ကြိုးစား​နေပါတယ် ။

အင်တာဗျူး တစ်ခုမှာတော့ ဆူရတ်က တကယ်လို့ မြန်မာရွှေ့ပြောင်း လုပ်သားတွေ နေရပ်ပြန်ဖို့ ဖိအားပေး ခံရရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ ကြီးမားတဲ့ သက်ရောက် ထိခိုက်မှုတွေ ကြုံလာနိုင်ကြောင်း သတိပေးထားခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ ပြည်ပမှလာ​ရောက်လုပ်ကိုင်တဲ့ နိုင်ငံခြားသားအလုပ်သမား ၄ သန်း​ကျော်ရှိတာမှာ ၈၀ ရာခိုင်နှုန်းခန့်ဖြစ်တဲ့ ၃ သန်း​ကျော်က မြန်မာလုပ်သား​တွေဖြစ်ပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

နယ်စပ်တိုက်ပွဲ​တွေ ပြင်းထန်​လာလို့ယာယီခိုလှုံဖို့စခန်း​၄ခုမယ်ဟောင်ဆောင်မှာပြင်ဆင်

သတင်း

ထိုင်းမှာတရားဝင် နိုင်ငံခြားသားအလုပ်သမား ၄.၂ သန်းကျော်ရှိပြီး မြန်မာနိုင်ငံသားက ၃.၃၃ သန်းကျော်ရှိ​​

သတင်း

မြန်မာဖက်ခြမ်းနယ်စပ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာမြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး ထိုင်းရဲ့ လုံခြုံရေးဆိုင်ရာ အခြေအနေတွေကိုတော့ကောင်းကောင်းထိန်းချုပ်ထားနိုင်ကြောင်း ထိုင်းတော်ဝင်ကြည်းတပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မြန်မာနဲ့ နယ်စပ်နားမှာ မသင်္ကာစရာ လေယာဉ်တစ်စီး ချဉ်းကပ်လာမှုကြောင့် F-16 တိုက်လေယာဉ်တွေကို အရေးပေါ် ပျံတက်စေခဲ့ကြောင်း တော်ဝင်ထိုင်းလေတပ်က ထုတ်ပြန်ခဲ့ပါတယ်။