Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်ထဲ စစ်​ကောင်စီ​တပ်က လေယာဥ်​တွေနဲ့​ထောက်လှမ်း​တာ​တွေပိုလုပ်လာ

ဒီဇင်ဘာ ၂၈ ရက် မနက် ၈ နာရီကနေ နေ့လည် ၁၂ နာရီအချိန်ထိ အာဏာသိမ်းစစ်ကောင်စီရဲ့ လေယာဉ်တွေက ဖာပွန်မြို့အနီးတဝိုက်နဲ့ မဲဝိုင်ဒေသတဝိုက်မှာ ကင်းထောက်လေယာဉ်နဲ့ လာရောက်ထောက်လှမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်တာပါ။

ကေအဲန်ယူထိန်းချုပ်နယ်မြေဒေသဖြစ်တဲ့ ဖာပွန်ခရိုင်ထဲမှာ အခုရက်ပိုင်းတွေအတွင်း အာဏာသိမ်းစစ်ကောင်စီရဲ့ လေယာဉ်တွေ လာရောက်ထောက်လှမ်းတာ​တွေလုပ်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီး ဖာပွန်မြို့အနီးနဲ့ မဲဝိုင်ဒေသတွေဘက်မှာ စစ်ကောင်စီလေယာဉ်တွေက ဒီဇင်ဘာ ၂၈ ရက်နေ့က လာရောက်ထောက်လှမ်းတာတွေလုပ်ဆောင်ခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

“စစ်ကောင်စီရဲ့လေယာဉ်တွေက လာပြီးတော့ဝဲပျံတယ်။ ပစ်တာတော့မရှိသေးဘူး။ ဘယ်တော့ပစ်မယ်လို့တော့ ပြောလို့မရသေးဘူးပေ့ါနော်။ ဒီလိုစစ်လေယာဉ်တွေက အရင်ကထက်ပိုပြီးတော့ သူတို့က တော်တော်များလာပြီးတော့ ဝဲပျံတဲ့အပေါ်မှာ နယ်မြေဒေသရဲ့ အခြေအနေကိုလေ့လာတာပဲဖြစ်မယ်လေ။ လေ့လာပြီးတော့မှ တနေ့ကျရင် သူတို့ပစ်မယ်ဆိုလို့ရှိရင် ဒါတိတိကျကျပစ်လို့ရအောင်လို့ပဲ သူတို့လာပြီးတော့ စုံစမ်းတဲ့သဘောလို့ပဲ ကျနော်တို့က အဲ့လိုယူဆတာပေါ့” လို့ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနက် ၈ နာရီကနေ နေ့လည် ၁၂ နာရီအချိန်ထိ အာဏာသိမ်းစစ်ကောင်စီရဲ့ လေယာဉ်တွေက ဖာပွန်မြို့အနီးတဝိုက်နဲ့ မဲဝိုင်ဒေသတဝိုက်မှာ ကင်းထောက်လေယာဉ်နဲ့ လာရောက်ထောက်လှမ်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်တာပါ။

Public Service Announcement

Public Service Announcement

ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူတွေ နေထိုင်တဲ့ ကျေးရွာနဲ့ လယ်ယာလုပ်ငန်းခွင်ထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ မူတြော်သတင်းစဉ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။