နိုဝင်ဘာ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကဌာနရဲ့လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ စစ်မျက်နှာ ၁၇ခုလောက်မှာ တိုက်ပွဲများ ရှိကြောင်း အသိပေးပါတယ်။
နိုဝင်ဘာ ၁၅ရက်က ကျင်းပခဲ့တဲ့ CRPH ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီး ဦးရည်မွန်က စစ်ရေးနဲ့ ပတ်သက်တဲ့ မြေပြင်အခြေအနေတွေ ရှင်းလင်းပြောကြားခဲ့တာကို CRPHက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ စစ်သားစုဆောင်းတဲ့ အစီအစဉ်ကို တိုက်ဖျက်ဖို့ မဟာဗျူဟာ ချမှတ် ဆောင်ရွက်နေတဲ့ အခြေအနေတွေ၊ တော်လှန်ရေး ရန်ပုံငွေရလမ်းဖြစ်တဲ့ သယံဇာတနယ်မြေများ ဆက်လက်ထိန်းချုပ်နိုင်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းဧရိယာများတွေကို စိုးမိုးထိန်းချုပ်နိုင်ရေးအပါအဝင် တပ်သားရိက္ခာထောက်ပံ့နိုင်မှုအခြေအနေတွေကို ရှင်းပြခဲ့ကြောင်း CRPHက ထုတ်ပြန်ပါတယ်။

Public Service Announcement
ဝန်ကြီးရဲ့ ရှင်းလင်းတင်ပြချက်တွေကို ကော်မတီဝင်တွေက မြေပြင်အခြေအနေ သိလိုတာတွေမေးမြန်းတာ၊ ဝန်ကြီးက ပြန်လည်းရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့သလို လွှတ်တော်ကိုယ်စားလှယ်များနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အကြံပြုချက်တွေကိုလည်း ပြောကြားခဲ့တာရှိကြောင်း အသိပေးပါတယ်။
ဝန်ကြီးဦးရည်မွန်ဟာ စက်တင်ဘာအတွင်းကလ်ညး အာဏာသိမ်းစစ်တပ်နဲ့ စစ်မျက်နှာ ၁၅ခုလောက်မှာ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို ရှင်းလင်း ပြောကြားခဲ့ပါသေးတယ်။
စစ်တပ်က စစ်မျက်နှာတွေများစွာ ထိုးစစ်ဆင်နေပေမဲ့ ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း စက်တင်ဘာ ၁၂ရက်က ဖော်ပြခဲ့တဲ့ ဝန်ကြီး ဦးရည်မွန်နဲ့ ဦးမင်းကိုနိုင်တို့ရဲ့ “အောင်စိတ်နဲ့ နင်းတဲ့မြေဟာ အောင်မြေဖြစ်တယ်”အစီအစဉ်မှာဝန်ကြီးက ပြောကြားခဲ့တာပါ။
ဒီလိုထိုးစစ်ဆင်နေတာဟာ စစ်အုပ်စုအတွက် အရင်းအနီးကြီး၊စွန့်စားမှုကြီးကြောင်း၊ စစ်တပ်က အဓမ္မစုဆောင်းထားတဲ့ ပစအင်အားကို ပုံအောသုံးနေကြောင်း၊ အချို့စစ်မျက်နှာမှာ ပစ အင်အား၈၀ရာခိုင်နှုန်းအထိအသုံးပြုနေကြောင်း ဝန်ကြီးက ရှင်းပြပါတယ်။
“တကယ်လို့သာ ဒီပစတွေပြုန်းကုန်ပြီဆိုရင် သူတို့ ဘာဆက်လုပ်မလဲ။ရန်သူ့ထိုးစစ် တွေသာ ဦးကျိုးကုန်မယ်ဆိုရင်သို့မဟုတ်စစ်မျက်နှာ တိုင်းမှာ ဒီထိုးစစ်တွေ ချေမှုန်းခံရမယ်ဆိုရင် အထူးသဖြင့် ပစအင်အားပြုန်းသွားပြီဆိုရင် စစ်ရေးချိန်ခွန်လျှာပေါ့ဗျာအဲဒီမှာ အလှည့်အပြောင်းကြီးကြီးမားမား ကြုံရလိမ့်မယ်လို့ ဒီလိုယုံကြည်ထားတယ်”လို့ ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။

























































