နိုဝင်ဘာ-၁၈၊၂၀၂၆။ ရောင်နီ/People’s Spring
ကချင်ပြည်နယ်၊ ဖားကန့်မြို့ တနေရာမှာ မြစ်ဆုံစီမံကိန်း ကန့်ကွက်ကြောင်းအပါအဝင် စစ်တပ်ထုတ်ကုန်တွေကိုအားမပေးဖို့တိုက်တွန်းတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ဖားကန့်မှော်လှည့်သပိတ်စစ်ကြောင်းက ပြုလုပ်ခဲ့ပါတယ်။
အဲဒီလှုပ်ရှားမှုမှာပါဝင်သူတွေက “ငါတို့ငွေ ငါတို့ရွေးချယ်မှု ငါတို့အနာဂတ်” “သင့်ငွေ သွေးမစွန်းစေနဲ့” ဘန်နာတွေကိုကိုင်ဆောင်ပြီး မြစ်ဆုံစီမံကိန်းအပါအဝင် စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း ကြွေးကြော် ဆန္ဒထုတ် ဖော်ခဲ့ကြပါတယ်။
ဒီကနေ့ (နိုဝင်ဘာ ၁၈) နံနက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက်လည်း ကြွေးကြော်ခဲ့ကြပါတယ်။

Public Service Announcement

























































