Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးပိုများလာဟု တပ်မဟာ(၅) တပ်မှူးပြော

သံလွင်မြစ်ကြောင်းအတွင်း ဖမ်းမိမူးယစ်ဆေးဝါးတွေ ထပ်မံမီးရှို့

(ဖမ်းမိ မူးယစ်ဆေးဝါးတွေကို KNU က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - KNU)

နိုဝင်ဘာ ၁၈၊ ၂၀၂၆။ထားမြတ်/People’s Spring

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးတွေ ပိုများလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီးစောနေမူးက ပြောကြားပါတယ်။

သံလွင်မြစ်မှတဆင့် မဲ့သဝေါဒေသ သယ်ဆောင် လာသောစဉ် မူးယစ်ဆေးဝါးတွေကို KNU တပ်မဟာ(၅)နယ်မြေ စစ်ဆေးရေးဂိတ်တစ်ခုမှာဖမ်းဆီးရမိခဲ့ရာ အဲဒီမူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုက နိုဝင်ဘာ ၁၇ရက်မှာ သတင်းထုတ်ပြန်ကာ ဒုဗိုလ်မှူးကြီး စောနေမူးရဲ့ ပြောကြားချက်ကို ဖော်ပြပါတယ်။

KNU နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ အော့လော့စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါး အလုံးရေ ၅သိန်းနီးပါး (၄၉၀,၀၀၀) ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မူတြော်ခရိုင်၊ တပ်မဟာ (၅)ဒေသ ၂၀၁၁-၂၀၁၂ အပစ်အခတ်ရပ်စဲရေးကာလတွင် မူးယစ်ဆေးဝါးများ အနည်းအကျဥ်း၀င်ရောက်လာတာ တွေ့ရပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁-၂၀၂၆အတွင်း နယ်စပ်ဒေသတွင် မူးယစ်ဆေးလှိုင်းများကြီးထွားလာကြောင်း ဒုဗိုလ်မှူးကြီးစောနေမူးက ပြောပါတယ်။

သံလွင်မြစ်ဝှမ်းမှာ ဖမ်းဆီးရမိပြီး ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများမှာ ကာလတန်ဖိုးအားဖြင့်များစွာရှိပြီး ဖမ်းမိမူးယစ်ဆေးဝါးများသထက်များလာတာလို့ အသိပေးပါတယ်။ဒါ့အပြင် စစ်တပ်ထိန်းချုပ်ရာ နယ်မြေအတွင်း သွားရောက် နေထိုင်ကြတဲ့ ဒေသခံလူထုအချို့ မူးယစ်ဆေးဝါးသုံးစွဲမှုများလာတာဟာလည်း ပြည်သူလူထုအနာဂတ်နေထိုင်ရှင်သန်ရေးအတွက် စိုးရိမ်စရာတစ်ခုဖြစ်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

KNU ခရိုင်တပ်မဟာတွေအနေနဲ့ ဖမ်းမိမူးယစ်ဆေးဝါးတွေမီးရှို့ဖျက်ဆီးတဲ့ အခမ်းအနားတွေ ပြုလုပ်လေ့ရှိပြီး အခမ်းအနားအချို့မှာတော့ ထိုင်းအာဏာပိုင်တွေကို အခမ်းအနား ဖိတ်ခေါ် စစ်ဆေးကြည့်ရှုစေကာ မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့တာလည်းတွေ့ရပါတယ်။

ဆက်စပ်သတင်းများ