Connect with us

Hi, what are you looking for?

သတင်း

DKBAစစ်ဦးစီးချုပ်နဲ့ ထိပ်ပိုင်းတပ်မှူးကို ကျားဖြန့်ကြောင့်အမေရိကန်အရေးယူ

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောရွှေဝနဲ့ နည်းဗျုဟာမှုးတစ်ဦးဖြစ်သူဗိုလ်မှုးချုပ်စောအေဝမ်းတို့ကို ကျားဖြန့်မှာပါဝင်ပတ်သက်နေတယ်ဆိုပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့လိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကနိုဝင်ဘာ ၁၉ ရက်မှာကြေညာပါတယ်။

နိုဝင်ဘာ၂၀၊၂၀၂၆။People’s Spring

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောရွှေဝနဲ့ နည်းဗျုဟာမှုးတစ်ဦးဖြစ်သူဗိုလ်မှုးချုပ်စောအေဝမ်းတို့ကို ကျားဖြန့်မှာပါဝင်ပတ်သက်နေတယ်ဆိုပြီး ဒဏ်ခတ်အရေးယူပိတ်ဆို့လိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကနိုဝင်ဘာ ၁၉ ရက်မှာကြေညာပါတယ်။

DKBA ရဲ့ ခေါင်းဆောင်ပိုင်းနှစ်ဦးဟာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး လိမ်လည်နေတဲ့ကျားဖြန့်( အွန်လိုင်းငွေလိမ်လည်မှု စင်တာ)တွေကိုလုံခြုံရေးအရ အကာအကွယ်ပေးနေပြီး ပံ့ပိုးကူညီနေတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

အမေရိကန်ရဲ့အရေးယူခံရသူတွေဖြစ်တဲ့ ဗိုလ်ချုပ်ကြီးစောရွှေဝဟာ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာDKBA ရဲ့ စစ်ဦးစီးချုပ်ဖြစ်လာသူဖြစ်ပြီး ဗိုလ်မှုးချုပ် စောအေဝမ်းကတော့ ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ကို ကြီးစိုးထားတဲ့ DKBA ရဲ့ ထိပ်ပိုင်းတပ်မှုး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ၊နိုဝင်ဘာလအတွင်းကလည်း DKBA ရဲ့ ခေါင်းဆောင်ပိုင်းတွေဖြစ်တဲ့ အဲဒီအချိန်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး၊ စစ်ရေးချုပ် ဗိုလ်မှုးကြီးစောစိန်ဝင်း ၊ စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင် နဲ့ စီးပွားရေးတာဝန်ခံဗိုလ်မှုးချုပ် စိုင်းကျော်လှတို့ကိုလည်း ကျားဖြန့်နဲ့ဆက်စပ်လို့ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူထားတာရှိပါတယ်။

DKBA ဘက်ကတော့ ကျားဖြန့်မှာပါဝင်ပတ်သက်မှု မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

အခုတစ်ကြိမ်အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ အရေးယူခံရတဲ့စာရင်းမှာ ကျောက်ဟွေ့ (Zhao Hui )ဆိုသူလည်းပါဝင်နေတာတွေ့ရပါတယ်။

ကျောက်ဟွေ့ ဟာ ကမ္ဘောဒီးယားမှာအခြေစိုက်ပြီး အမေရိကန် နဲ့ ဥရောပနိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ကျားဖြန့်စင်တာကို လုပ်ကိုင်သူလို့ အမေရိကန်က ဆိုထားပါတယ်။

ကိုးကား – အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန

ဆက်စပ်သတင်းများ