Connect with us

Hi, what are you looking for?

သတင်း

ဓါတ်ကြွင်းကျန်မှုများလို့ပဲတီစိမ်း၊မြေပဲ နဲ့ ပြောင်းစေ့တင်သွင်းမှု တရုတ်ယာယီရပ်နား

မြန်မာမှတင်ပို့တဲ့ ပဲတီစိမ်း၊မြေပဲ နဲ့ ပြောင်းစေ့တွေတင်သွင်းမှု ယာယီပိတ်မယ်လို့တရုတ်နိုင်ငံဘက်ကအကြောင်းကြားပါတယ်။

နို၀င်ဘာ-၂၀၊၂၀၂၆။ဇော်၀င်း/People’s Spring

မြန်မာမှတင်ပို့တဲ့ ပဲတီစိမ်း၊မြေပဲ နဲ့ ပြောင်းစေ့တွေတင်သွင်းမှု ယာယီပိတ်မယ်လို့တရုတ်နိုင်ငံဘက်ကအကြောင်းကြားပါတယ်။

တရုတ်နိုင်ငံကိုတင်ပို့တဲ့ပဲတီစိမ်း၊မြေပဲနဲ့ ပြောင်းစေ့တွေမှာဓာတ်ကြွင်းကျန်မှု(ပိုးသတ်​ဆေးကြွင်းကျန်မှု)နှုန်းထားသတ်မှတ်ချက်တွေကျော်လွန်များပြားနေတာကို စစ်ဆေးတွေ့ရှိရတာကြောင့် နိုဝင်ဘာလ ၂ ရက်ကစပြီးယာယီရပ်နားမယ်လို့ အသိ​​ပေးထားတာဖြစ်ပါတယ်။

အကြောင်းကြားစာကိုတရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ရဲ့ အပင်နှင့်တိရစ္ဆာန်ရောဂါထိန်းချုပ်ရေးဌာန၊ အပင်ထိန်းချုပ်ရေး ဌာနခွဲက ပေကျင်းမြို့ကမြန်မာသံရုံး ပေးပို့ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကတဆင့်သက်ဆိုင်ရာကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI နဲ့ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနဲ့နှမ်းကုန်သည်များအသင်းMPBMSMAဆီ ထပ်ဆင့် ရည်ညွှန်းစာတွေ ပေးပို့လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဘက်က ပဲတီစိမ်း၊မြေပဲနဲ့ ပြောင်းစေ့တွေတင်သွင်းမှု ယာယီပိတ်မှုနဲ့ပတ်သက်လို့ UMFCCI နဲ့ MPBMSMA ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

“ပြီးခဲ့တဲ့နှစ်ကလည်း ဖြစ်ဖူးတယ်။အဲဒီတုန်းက တန်ချိန်တစ်သောင်းကျော်လောက်ပြန်ပို့ခံရတယ်။ဓာတ်ကြွင်းကျန်က တောင်သူတွေဆီကမဟုတ်ဘဲ၀ယ်လက်တွေရဲ့ ဆေးအုပ်တာများတာ”လို့ပဲတီစိမ်း၊မြေပဲစိုက်ပျိုးရေးတောင်သူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အခုနှစ်ဆန်းပိုင်းကလည်း ပိုလန်နိုင်ငံကိုပို့တဲ့ ဆန်တွေ မှာပိုးမွှားကြွင်းကျန်တွေ့ရှိမှုနဲ့ ထိုင်းနိုင်ငံကို သွင်းတဲ့ငရုတ်သီးခြောက်တွေမှာ တားမြစ်ဓာတ်ကြွင်းတွေ ပိုတွေ့ရလို့ ပိတ်ပင်ခံရတာရှိခဲ့ဖူးပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်က မြန်မာနိုင်ငံပိုးသတ်ဆေးမှတ် ပုံတင်အဖွဲ့ရဲ့စာရင်းတွေအရ ပိုးသတ်ဆေး အမျိုးအစား နှစ်ထောင်၀န်းကျင်ပဲရှိခဲ့ပေမယ့် အခုနှစ် ဇူလိုင်လကုန်မှာပိုးသတ်​ဆေးအမျိုးအစား​ပေါင်း ၄၆၇၀ အထိရှိလာပါတယ်။

ဆက်စပ်သတင်းများ