Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ ပအဖ အခွန်ဂိတ်တွေ မနက် ၆ နာရီကနေ ညနေ ၆ နာရီထိ ဖွင့်မယ်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အခွန်ရှောင်သူတွေ ရှိလာလို့ ပအဖ အခွန်ဂိတ်တွေကို မနက် ၆ နာရီကနေ ညနေ ၆ နာရီထိပဲ ဖွင့်တော့မယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။

(စစ်ကိုင်းတိုင်းအတွင်းရှိ PDF စစ်ဆေးဂိတ်တစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - ကိုငြိမ်း)

နိုဝင်ဘာ ၂၅၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အခွန်ရှောင်သူတွေ ရှိလာလို့ ပအဖ အခွန်ဂိတ်တွေကို မနက် ၆ နာရီကနေ ညနေ ၆ နာရီထိပဲ ဖွင့်တော့မယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က မြို့နယ်အတွင်းက အခွန်ဂိတ်တွေ ဖွင့်ချိန်နဲ့ အခွန်ရှောင်တိမ်းမှုတွေနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာ အသိပေးကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အခုလို ထုတ်ပြန်ရတာကတော့ အခွန်ထမ်းပြည်သူတွေထဲက သဘောထားမမှန်တဲ့သူတချို့ အခွန်ရှောင်တိမ်းတာတွေ မကြာခဏ တွေ့လာရတဲ့အတွက် နိုဝင်ဘာ ၂၂ ရက်နေ့က လုပ်ခဲ့တဲ့ ချောင်းဦးမြို့နယ် ပအဖ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပြည်သူတွေ သိရှိအောင် အသိပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကြေညာချက်အရ ချောင်းဦးမြို့နယ်ထဲက ပအဖ အခွန်ဂိတ်တွေကို နေ့စဉ် မနက် (၆) နာရီကနေ ညနေ (၆) နာရီအထိ ဖွင့်သွားမှာ ဖြစ်ပြီး ဂိတ်ပိတ်ချိန်တွေထဲမှာတော့ ဖြတ်သန်းသွားလာခွင့် ပြုမှာမဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဂိတ်ပိတ်ချိန်မှာ ဖြတ်သန်းသွားလာတာပဲဖြစ်ဖြစ်၊ ဂိတ်ဖွင့်ချိန်ဖြစ်ပေမဲ့ အခွန်ရှောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဂိတ်ကို ရှောင်ကွင်းသွားလာတာပဲဖြစ်ဖြစ် အဲဒါတွေကို အခွန်ရှောင်တိမ်းမှုအဖြစ် သတ်မှတ်သွားမယ်လို့ ဆိုပါတယ်။ အဲဒီလို ရှောင်တိမ်းတာတွေ တွေ့ရင်တော့ အခွန်မူဝါဒ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ချောင်းဦးပအဖကို ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး ချောင်းဦးမြို့နယ် ဒေသခံတစ်ဦးကတော့ မြို့နယ်ထဲမှာ တရားဝင် အခွန်ဂိတ် ၂ ဂိတ်နဲ့ ပွညျသူသဒ်ဓါတရားရှိသလောကျ လှူဒါန်းရတဲ့ အောင်နိုင်ရေးဂိတ်သာ ရှိပေမဲ့ မြေပြင်အနေအထား သိနေသူတချို့က လမ်းကြောင်းပြောင်းပြီး ဂိတ်ရှောင်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“မြို့နယ်မှာ အခွန်ဂိတ်က ၂ ဂိတ်ပဲ ရှိတာရယ်၊ အောင်နိုင်ရေးဂိတ်ရယ်ပေါ့။ အောင်နိုင်ရေးဂိတ်ဆိုတာက ပြည်သူသဒ္ဓါတရားရှိသလောက် လှူရတာ၊ မနက် ၆ နာရီကနေ ညနေ ၆ နာရီထိပဲ။ မြို့နယ် တော်လှန်ရေးအမည်ခံအချို့ကြောင့် မြေပြင်အနေအထား သိနေကြလို့ အချို့လမ်းတွေကနေ အခွန်ဂိတ် ရှောင်ကွင်းကြတာ။ မြို့နယ်တရားဝင် အခွန်ဌာနကနေ ဖမ်းရင် ပကဖ ကို အခွန်ဆောင်ထားတယ်၊ ဘယ်သူ့ကို ပေးရတယ်တွေ ဖြစ်ကုန်ရော။ အဲဒီအချိန်ကျ ချလန်လက်မှတ် မပြနိုင်ကြတော့ဘူး” လို့ အဆိုပါ ဒေသခံက ရှင်းပြပါတယ်။

အခွန်ထမ်းပြည်သူတွေ နိုင်ငံသားကောင်းပီသစွာ အခွန်ထမ်းဆောင်ခဲ့ကြတဲ့အတွက်လည်း ချောင်းဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကျေးဇူးတင်စကား ပြောကြားထားပါတယ်။

နိုဝင်ဘာလဆန်းပိုင်းကပဲ စစ်ကိုင်း၊ မြင်းမူနဲ့ မြောင်မြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေကိုလည်း ညနေ ၆ နာရီခွဲကနေ မနက် ၅ နာရီအထိ ပိတ်ထားမယ်လို့ စစ်ကိုင်းခရိုင်စစ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ