နိုဝင်ဘာ-၂၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ ခရီးသည်တင်ကား ၁စီးကို စစ်တပ်က ပစ်ခတ်ခဲ့လို့ ကားမောင်းသမား အမျိုးသား၁ ဦးသေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
နိုဝင်ဘာ ၂၃ရက်က ပုလောမြို့နယ် သင်္ကန်းတောရွာနဲ့ ကဒဲကျေးရွာတံတားကြားမှာ ပျက်လို့ ပြင်နေတဲ့ ခရီးသည်တင်ကားကို စစ်တပ်တပ်က သေနတ်နဲ့ ပစ်ခတ်တာလို့ ဒေသခံတွေက ပြောပါတယ်။ူ
” အဲ့ဒီနားမှာ စစ်တပ်ဂိတ်ထိုင်ထားပြီး အဝေးကနေလှမ်းပစ်တာ။ စနိုက်ဘာနဲ့ပစ်တာ။ ကားသမားသေဆုံးသွားတာပါ”လို့ ပုလောမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ပုလောမြို့ဟာ ပြီးခဲ့တဲ့စက်တင်ဘာက ရေဘေးနဲ့ မြေပြိုမှုဘေး ကြုံခဲ့ရပြီး လက်ရှိမှာဒေသခံတွေက ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေကြပေမယ့် စစ်ကြောင်းတွေကြောင်း တိမ်းရှောင်နေရသူတွေလည်း ရှိပါတယ်။
ရေဘေးကာလတုန်းကလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။
























































