Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းခေါင်းဆောင်ဗီယက်နမ်သွားမယ်

ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့မှာလာမယ့်စနေနေ့( နိုဝင်ဘာလ၂၈ ရက်)မှာ ကျင်းပမယ့်ဒေသတွင်းအစည်းအဝေးကိုအာဏာသိမ်းမြန်မာစစ်ခေါင်း ဆောင်လာတက်မယ််လို့ဗီယက်နမ်ဘက်ကထုတ်ပြန်လာပါတယ်။

ဓာတ်ပုံ - Reuters

နိုဝင်ဘာ – ၂၅​၊၂၀၂၆

ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့မှာလာမယ့်စနေနေ့( နိုဝင်ဘာလ၂၈ ရက်)မှာ ကျင်းပမယ့်ဒေသတွင်းအစည်းအဝေးကိုအာဏာသိမ်းမြန်မာစစ်ခေါင်း ဆောင်လာတက်မယ််လို့ဗီယက်နမ်ဘက်ကထုတ်ပြန်လာပါတယ်။

ဒါကအပြည်ပြည်ဆိုင်ရာတရားရုံး( ICJ) ကရိုဟင်ဂျာတွေအပေါ် မြန်မာ နိုင်ငံကလူမျိုးသုဉ်းသတ်ဖြတ်မှုကျုးလွန်ခဲ့တယ်လို့အမိန့်ချပြီးနောက်မှာ အဲဒီအမှုအတွက်အဓိကတာဝန်ရှိသူမင်းအောင်လှိုင်ရဲ့ပထမဆုံးပြည်ပခရီးစဉ်ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၈ ရက်ကစတင်ပြီးဟနွိုင်းမှာကျင်းပမယ့်ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) အစည်းအဝေးနဲ့ ဧရာဝတီ-ကျောက်ဖရား-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ACMECS)အစည်းအဝေးတွေကိုမင်းအောင်လှိုင်တက်ရောက်မှာပါ။

Public Service Announcement

Public Service Announcement

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ဒီနေ့ (နိုဝင်ဘာလ ၂၅ ရက်)ညနေပိုင်းထုတ်ပြန်ချက်အရ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနိုင်ငံတို့ရဲ့ဝန်ကြီးချုပ်တွေနဲ့အိမ်ရှင်ဗီယက်နမ်ဝန်ကြီးချုပ်တို့ ဆွေးနွေးပွဲကိုတက်ရောက်မှာ ဖြစ်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာတက်ရောက်ခွင့်ပိတ်ပင်ခံရပြီးနောက် ဒေသတွင်းနိုင်ငံအချို့ရဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်တက်ခွင့်ရတာပါ။

အာဆီယံထိပ်သီးအစည်းအဝေးမှာတက်ခွင့်မရတဲ့အခြေအနေကြုံပြီး နောက်မှာ အာဆီယံနဲ့မြန်မာဆက်ဆံရေးကို ပြန်လည်သုံးသပ်မယ်လို့ အာဏာသိမ်းခေါင်းဆောင်က ခြိမ်းခြောက်ထားပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ရက်အချို့မှာတော့အာဆီယံအဖွဲ့ နဲ့ အဆင်မပြေချိန်မှာအဖွဲ့ဝင်နိုင်ငံတွေထဲကမြန်မာစစ်တပ်အပေါ် သဘောထားမတင်းမာတဲ့နိုင်ငံတွေနဲ့ပဲ ထိတွေ့ဆက်ဆံဖို့ ဆော်သြနေတာရှိပါတယ်။

ဆက်စပ်သတင်းများ