နိုဝင်ဘာ – ၂၅ ၊၂၀၂၆
မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာမနေ့(နိုဝင်ဘာလ ၂၄ )ညပိုင်းကပေါက်ကွဲမှုဖြစ်ခဲ့ပြီးအာဏာသိမ်းစစ်တပ်လက်အောက်ခံရဲတပ်ဖွဲ့အချို့ထိခိုက်ဒဏ်ရာရတဲ့ဖြစ်စဉ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မနေ့ ညပိုင်း ၈ နာရီခန့်မှာတံတားဦးမြို့နယ်၊အမှတ်(၃)ရပ်ကွက်မှာစွန့်ပစ် ထားတဲ့ကျောပိုးအိတ်တစ်လုံးကိုတွေ့ရှိတာကြောင့်ဒေသခံအချို့ကရဲကို အကြောင်းကြားခဲ့တာပါ။ အဲဒီကျောပိုးအိတ်ကိုလာရောက်စစ်ဆေးချိန်မှာပေါက်ကွဲမှု ဖြစ်တာလို့သိရပါတယ်။
ပေါက်ကွဲမှုကြောင့်ရဲငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကနဦးသိထားရပါတယ်။ ဒဏ်ရာရသူတွေရဲ့အသေးစိတ်အခြေအနေကိုတော့မသိရပါဘူး။

Public Service Announcement
























































