နိုဝင်ဘာ-၂၅၊ ၂၀၂၆။ ကတ်သရင်း/People’s Spring
မန္တလေးတိုင်း၊ တံတားဦးမြို့အနောက်ခြမ်းက အမှတ်(၃)ရပ်ကွက်မှာ ဗုံး ၃လုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပြည်သူတစ်ဦး သေဆုံးကာ ရဲနဲ့ စစ်သား ၆ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၂၄ရက် ညပိုင်း ၈နာရီဝန်းကျင်မှာ အမှတ်(၃)ရပ်ကွက်က လမ်းပေါ်မှာ အမဲရောင်ကျောပိုးအိတ်တလုံး တွေ့တာကြောင့် ရဲကို အကြောင်းကြားခဲ့ပြီးနောက် ရဲနဲ့စစ်သားတွေ ရောက်လာချိန် ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ခဲ့တာလို့ သိရပါတယ်။
“ရဲနဲ့စစ်သားတွေရောက်လာတယ်။ အိတ်က ပံ့သကူရှာတဲ့အချိန် ရောချထားခဲ့တာ။ ရောက်လာတဲ့အထဲ စခန်းမှူးလည်းပါတယ်။ အဲဒီအချိန်ပေါက်တာ။ ပေါက်တာက ၃လုံး။ အားကအတော်ပြင်းတယ်။ တမြို့လုံးကြားလိုက်ရတယ်။ သေဆုံး၂ဦးလို့ သိရတယ်။ တစ်ဦးကတော့ ဘေးက ရပ်ကြည့်တဲ့ ပြည်သူလို့ ပြောတယ်။ တစ်ဦးကရဲလား၊ စစ်သားလားသေချာမသိလိုက်ဘူး။ ဒဏ်ရာရတွေလည်း ပြင်းထန်တယ်။ ချက်ချင်းမန္တလေးဆေးရုံကြီးပို့လိုက်ကြတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဗုံးပေါက်ကွဲတဲ့နေရာဟာ မြို့အနောက်ခြမ်းမှာဖြစ်ပြီး တံတားဦးလေဆိပ်၊ လေတပ်တွေနဲ့ ၁၅မိုင်ခန့် ဝေးတယ်လို့ သိရပါတယ်။
ဗုံးပေါက်ပြီး လေကြောင်းရန်ကာကွယ်ရေးတပ်ကတော့ စစ်ကြောင်းအလှုပ်ပြပေမယ့် စစ်ကြောင်းထိုးတာ မြို့လုံခြုံ ရေးတိုးတာမျိုးတော့ မတွေ့ရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
ဗုံးပေါက်တဲ့ရုပ်သံဖိုင်တွေကို ရိုက်ထားရင် ပြန်ဖျက်ကြဖို့နဲ့ အင်တာနက်စာမျက်နှာတွေပေါ်မတင်ကြဖို့လည်း စစ်အုပ်စုက ကြေညာထားတယ်လို့ သိရပါတယ်။
























































