နိုဝင်ဘာ – ၂၅ ၊၂၀၂၆
လူမျိုးသုဉ်းသတ်ဖြတ်မှုကျုးလွန်ကြောင်းအပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့အမိန့်ဆုံးဖြတ်ချက်အားလုံးကိုလိုက်နာသွားမှာမဟုတ်ဘူးလို့ အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်က တုံ့ပြန်လိုက်ပါတယ်။
ဒီနေ့ (နိုဝင်ဘာလ ၂၅ ရက်)နေပြည်တော်မှာပြုလုပ်တဲ့အာဏာသိမ်းစစ်အုပ်စုရဲ့အစည်းအဝေးမှာICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးသူရဲ့သဘောထားကို အာဏာသိမ်းခေါင်းဆောင်ကထုတ်ဖော်ပြောကြားလိုက်တာပါ။
ICJ မှာတရားသူကြီးတွေမဲခွဲဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီးလုပ်ဆောင်သင့်တာကိုလုပ်ဆောင်သွားမှာဖြစ်ပြီးလိုက်နာဖို့မသင့်တာတွေကိုမလိုက်နာဘူးလို့အာဏာသိမ်းခေါင်းဆောင်ကပြောပါတယ်။

Public Service Announcement
ဒါပေမယ့်ICJ ရဲ့ စီရင်ချက် ၁၃ ချက်ထဲကဘယ်အချက်တွေကိုမလိုက်နာဘူးဆိုတာကိုတော့ထုတ်ဖော်ပြောဆိုတာမရှိပါဘူး။
ဂမ်ဘီယာရဲ့မြန်မာအပေါ် တရားစွဲတဲ့အမှုဟာတဖက်သတ်စွပ်စွဲချက်လို့ ထပ်လောင်းပြောဆိုခဲ့ပြီးလူမျိုးသုဉ်းစေမှုဆိုတဲ့အသုံးအနှုန်းကလည်း မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိပါးစေခဲ့တယ်လို့အာဏာသိမ်းခေါင်းဆောင်ကပြောပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူကလည်း ICJ ရဲ့ဆုံးဖြတ် ချက်ဟာတရားမျှတမှုမရှိဘူးလို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောထားပါတယ်။
ICJ ရဲ့ဆုံးဖြတ်ချက်ကိုဆန့်ကျင်ဖို့နဲ့မလိုက်နာဖို့ဆိုပြီးစစ်တပ်အတွက်ဝါဒဖြန့်နေတဲ့လူမှုကွန်ရက်တွေမှာတော့မြို့ကြီးတွေမှာလမ်းပေါ်ထွက်ပြီးကန့်ကွက်ဆန္ဒပြကြဖို့လှုံ့ဆော်တာတွေရှိနေပါတယ်။
























































