Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုမှာစစ်ကြောင်းပြန်ဆုတ်သွားတဲ့ အခါစစ်သားအလောင်း​တွေကိုပစ်ထားခဲ့

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတဲ့အခါတိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်သားတွေရဲ့ အလောင်း​တွေကိုကောက်ယူသွားတာမျိုးမရှိဘဲ ပစ်ထားခဲ့တယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

(စစ်တပ်မီးရှို့ခဲ့တဲ့ အိမ်​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့ )

နိုဝင်ဘာ-၂၅၊၂၀၂၆။ဒလပန်း/People’s Spring

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားတဲ့အခါတိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ စစ်သားတွေရဲ့ အလောင်း​တွေကိုကောက်ယူသွားတာမျိုးမရှိဘဲ ပစ်ထားခဲ့တယ်လို့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

စစ်တပ်စစ်ကြောင်းထွက်ခွာသွားပြီးနောက် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါကော်ကပ်ရွာအနီးမှာ စစ်သားအလောင်း ၈ လောင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။

“၁၆ရက်က၂၀ရက်အတွင်း ကော်ကပ်ရွာအနီးမှာ အလောင်း ၈ လောင်းတွေ့တာပါ”လို့ ​တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၃ ရက်ကစပြီး စစ်တပ်စစ်​ကြောင်းဟာ သိမ်ဇရပ်တပ်ရင်းကတဆင့် ကျိုက်ထိုမြို့နယ်အတွင်းမှ ဇီးပြောင်းကျေးရွာအုပ်စုအဲဒီကတဆင့် ကော်ကပ်ကျေးရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို သုံးပါတ်နီးပါးကြာ စစ်ကြောင်းထိုးဝင်ရောက်ပြီးနောက် နိုဝင်ဘာ ၂၀ ရက််မှာတော့ သိမ်ဇရပ်တပ်ရင်းတွေကတဆင့် ပဲခူးဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့တာဖြစ်တယ်လို့ PDF အချို့က​ပြောပါတယ်။

စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ ပဲခူးတိုင်း ရွေကျင်မြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ NUG အထူးတိုင်းစစ်ဌာနချုပ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) တပ်ရင်း (၃) ဌာနချုပ်အပါအဝင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ရဲ့ တပ်စခန်း ၂၈ ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့်ခဲ့ပါတယ်။

စစ်တပ်ဝါဒဖြန့်တာနဲ့ပတ်သက်ပြီး KNU က စစ်တပ်သိမ်းယူခဲ့တဲ့ စခန်းဟာ တပ်ရင်း (၃) ဌာနချုပ်မဟုတ်ဘဲ ရှေ့တန်းစခန်းငယ်တစ်ခုသာဖြစ်သလို၊ NUG ကလည်း အထူးတိုင်းစစ်ဌာနချုပ်ဟာ ရွေ့လျားဌာနချုပ်ဖြစ်တာကြောင့် စစ်တပ်သိမ်းယူခဲ့တယ်ဆိုတာ မမှန်ကန်ဘူးလို့ သတင်းမီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။​

စစ်တပ်က စစ်ကြောင်းထိုးချိန်မှာ ​တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက် ​သေဆုံးထိခိုက်သူများခဲ့တယ်လို့ ​တော်လှန်​ရေးတပ်​တွေက​ပြောပါတယ် ။

ပြည်သူနေအိမ်တွေကိုမီးရှို့တာ၊စစ်တပ်က စစ်ကြောင်းထိုးတဲ့ သုံးပတ်နီးပါးအချိန်မှာ စစ်သားတွေကဇီးပြောင်း၅ရွာ ၊နတ်စင်ရွာ၊ခမောက်ခွေရွာနဲ့ကော်ကပ်ရွာက အိမ်ခြေ၁၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလိုရွာသားတွေကို ဖမ်းဆီးတာ၊ပြည်သူ့အိမ်​တွေက ပစ္စည်းတွေကို ခိုးယူခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ