နိုဝင်ဘာ ၂၅၊၂၀၂၆။သုည/Peoples Spring
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျေးရွာတစ်ရွာမှာ တော်လှန်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ကျဥ်းတွေ လွတ်မြောက်ရေး FREE HER ချီတက်လှုပ်ရှားမှုကို ဒီကနေ့ (နိုဝင်ဘာ ၂၅) ညက ပြုလုပ်ခဲ့ပါတယ်။
တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့မိသားစု ပုံမှန်အဆက်အသွယ်ရရှိရေး ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေး၊ မတရားဖမ်းဆီးခံရသော နိုင်ငံရေးအကျဥ်းသားတွေ အားလုံးလွတ်မြောက်ရေး တို့ကို ကြွေးကြော်ချီတက်ခဲ့ပါတယ်။
ယင်းလှုပ်ရှားမှုကို မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၊ စစ်ကိုင်းမြို့နယ်လူထုသပိတ်အင်အားစု၊ ဒေသခံပြည်သူတွေနဲ့ လူငယ်တွေ ပူးပေါင်းပြုလုပ်ခဲ့တာပါ။

Public Service Announcement
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံတဝန်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ FREE HER လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။
























































