Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်ရှိ ကျေးရွာများသို့ လာရောက်သည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ခုနစ်ဦးသေဆုံးဟုဆို

အထက်ပါတိုက်ခိုက်မှုကို ရေဦး PDF နှင့် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ – ရေဦး(ကပဖ)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(​ရေဦးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်)

ရေဦးမြို့နယ်ရှိ ကျေးရွာများသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်များကို ယနေ့(ဇန်နဝါရီ ၂)နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရေဦး(ပကဖ)က ထုတ်ပြန်သည်။

ယနေ့နံနက် ၁၀ နာရီကျော်တွင် ရေဦးမြို့နယ် ပါရမီကျေးရွာအနီး ခြေရှုပ်နေသော စစ်ကောင် စီတပ်များကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါတိုက်ခိုက်မှု​ကြောင့် စစ်ကောင်စီဘက်မှ ခုနစ်ဦးသေဆုံးပြီး စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်နေကြရသည်ဟု ကပဖ(ရေဦး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါတိုက်ခိုက်မှုကို ရေဦး PDF နှင့် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ – ရေဦး(ကပဖ)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။