Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ကို CDF မတူပီက နှစ်​နေရာတွင်တိုက်ခိုက်၊ စစ်​ကောင်စီတပ် ၅ဦး​သေ၊ ၂ ဦးအရှင်ဖမ်းမိ၊ ၁၀ဦးဒဏ်ရာရ

ထိုအတူ မတူပီ-ဟားခါးလမ်းပေါ်ရှိ ဖနိုင်ရွာနှင့် ငလိုင်ရွာကြားတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းချီလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ညနေ ၅နာရီခွဲခန့် CDF(မတူပီ)က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းဆီးရမိသည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ချင်းပြည်နယ်၊ မတူပီတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ယနေ့ တစ်ရက်တည်း၌ နှစ်နေရာ ဝင်တိုက်ရာတွင် စစ်သား ၅ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရပြီး ၂ ဦးအရှင်ဖမ်းမိထားသည်ဟု ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ -CDF(မတူပီ)က သတင်း ထုတ်ပြန်သည်။

ထိုတိုက်ပွဲများသည် ယ​နေ့ (ဇန်နဝါရီ ၃ ရက်)တွင် မတူပီ-ပလက်ဝလမ်းနှင့် မတူပီ-ဟားခါးလမ်းပေါ်တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မတူပီ – ပလက်၀ လမ်းမပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသောထယ်ဘွေး တပ်စခန်းကို ယနေ့နံနက်၇ နာရီမှ စတင်၍ ​နေ့ခင်းပိုင်းအထိ့ နာရီ​ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ဦးသေဆုံးကာ ၁၀ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု CDF(မတူပီ)က ထုတ်ပြန်သည်။ ထိုတိုက်ပွဲတွင် CDFဖက် အထိအခိုက်အကျအဆုံးမရှိခဲ့ဟုလည်း​ဖော်ပြထားသည်။

ထိုအတူ မတူပီ-ဟားခါးလမ်းပေါ်ရှိ ဖနိုင်ရွာနှင့် ငလိုင်ရွာကြားတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းချီလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ညနေ ၅နာရီခွဲခန့် CDF(မတူပီ)က တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးကို ဖမ်းဆီးရမိသည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ထယ်ဘွေးတပ်စခန်းသည် မတူပီ – ပလက်၀ နယ်စပ်တွင်ရှိပြီး စစ်ကောင်စီတပ်မှ အင်အား ၄၀ ခန့်ရှိနိုင်ကြောင်း မတူပီ CDFက ခန့်မှန်းသည်။ယင်းတပ်စခန်းသည် စစ်အာဏာရှင်၏ တပ်စခန်းဖြစ်၍ ပြည်သူလူထု လုံခြုံရေးအပိုင်း နှင့် CDF တပ်များ နယ်မြေစိုးမိုးနိုင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက People’s Spring သို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook