Connect with us

Hi, what are you looking for?

အတွေးအမြင်

သိန်း ၆၉၄ ကျော်တန်နာရီဝတ်ပြီး စစ်​ကောင်စီအမည်မှန်​အောင် မ​ရေးနိုင်တဲ့ အာဏာသိမ်း​ခေါင်း​ဆောင်

ပြည်သူ့အစိုးရဆီက အာဏာသိမ်းထားတာ ၅ လ​လောက်ရှိလာ​ပေမယ့် ပြည်တွင်းမှာ​ရော ၊နိုင်ငံတကာမှာပါ အသိ့အမှတ်ပြုမခံရတဲ့ အာဏာလု​ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်ဟာ သူတို့ရဲ့ လက်နက်​ဖောက်သည် ရုရှား ခရီးစဥ်မှာ သူ့ရဲ့ကိုယ်ရည်ကိုယ်​သွေး ဘယ်​လောက်နိမ့်ကျတယ်ဆိုတာ ပြသခဲ့တဲ့အချက် ၂ ချက်ရှိပါတယ်။

ရုရှား ခရီးစဥ်မှာ အာဏာသိမ်း​ခေါင်း​ဆောင် ပတ်ထားတဲ့ PATEK Philippe
နာရီဟာ အ​မေရိကန် ​ဒေါ်လာ ၄၃,၄၁၀ တန်​ကြေးရှိပါတယ် ။ လက်ရှိ​ဒေါ်လာ​ပေါက်​ဈေး ၁ ​ဒေါ်လာ ၁၆၀၀ ကျပ်နဲ့ တွက်မယ်ဆိုရင် နာရီတန်​ဖိုးက ၆၉၄ သိန်း​ကျော် ရှိပါတယ်။

အရပ်သားအစိုးရလက်ထက်မှာ သမ္မတရဲ့လစာ​က တစ်လ ကျပ်သိန်း ၅၀ ပဲရှိပြီး သမ္မတ​ဆိုရင်​တောင် ဒီနာရီဖိုး ဝယ်နိုင်ဖို့ ၁၄ လတိတိလစာကို တစ်ကျပ်မှ မသုံးဘဲစုမှ ရမယ့်ပမာဏာပါ။ စစ်တပ်ထဲက သာမန်စစ်သားတစ်​ယောက်ရဲ့ လစာနဲ့တွက်မယ် ဆိုရင် နှစ်​ပေါင်း ဆယ်ချီ လစာ​တွေကို တစ်ကျပ်မှ မစားမ​သောက်ဘဲစုမှရမယ့်ပမာဏဖြစ်ပါတယ်။ ဒါ​တောင် လက်ပတ်နာရီပဲရှိပါ​သေးတယ်။ သူ့လက်သူကြွယ်မှာဝတ်ထားတဲ့​ ကျောက်စိမ်းလက်စွပ်ဆိုရင် သိန်းရာဂဏန်းတန် မဟုတ်ဘဲ ၊ ကျပ်သိန်း​ထောင်ချီတန်တယ်လို့ ​ကျောက်စိမ်းတန်ဖိုးနားလည်သူတစ်ချို့က ခန့်မှန်းထားပါတယ်။

​ခေတ်မီတပ်မ​တော်တည်​ထောင်မယ်ဆိုပြီး စစ်တပ်ကိုအ​ကြောင်းပြုပြီး မင်း​အောင်လှိုင်နဲ့ သူ့ရဲ့မိသားစု လာဘ်စားမှုကြီးမားတာ​ကြောင့် မတရားသဖြင့်ရယူထားတဲ့​ငွေ​တွေ​ကြောင့် အာဏာသိမ်း​ခေါင်း​ဆောင်နဲ့မိသားစုရဲ့ ကြွယ်ဝချမ်းသာ မှုက သူ့ရဲ့လက်ကို ကြည်ယုံနဲ့သိ့နိုင်ပါတယ်။ ​ရှေ့တန်းမှာ တိုက်တိုင်းရှုံးပြီး ​သေ​နေတဲ့ စစ်သား​တွေမှာ​တော့ လစာကို​တောင် အပြည့်မရဘဲ ဘဏ်မှာအပ်ထားရပြီး အရစ်ကျသုံး​နေရတဲ့အချိန်မှာ အာဏာသိမ်း​ခေါင်း​ဆောင်​တွေကတော့ ပိုပိုပြီးချမ်းသာလာ​နေကြပါတယ်။

ဒါနဲ့​တောင် သူက လစာအပါအဝင် ပိုင်ဆိုင်မှုအားလုံးနီးပါး နိုင်ငံအတွက် လှူဒါန်း ထားတဲ့ လူထု​ခေါင်းဆောင် ဒေါ်​​အောင်ဆန်းစုကြည်ကို လာဘ်စားတယ်ဆိုပြီး တရားစွဲထားပါ​သေးတယ် ။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရုရှားစစ်တပ်က္ကသိုလ် ဧည်သည်​တော်မှတ်တမ်းမှာ အာဏာလု​ခေါင်း​ဆောင်ဟာ သူ့ဖွဲ့ပြီး အမည်​ပေးထားတဲ့ “နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ”(နစက) ရဲ့အမည်ကို “နိုင်ငံ​တော်စီမံခန့်ခွဲ​ရေး​ကောင်စီ” လို့ ​ရေးခဲ့ပါတယ်။ အာဏာလုပြီး ကိုယ်​ပေးထားတဲ့ ​ကောင်စီရဲ့အမည်ကို မှန်​အောင်မ​ရေးနိုင်တာက အာဏာသိမ်း​ခေါင်း​ဆောင်ရဲ့ အ​ခြေအ​နေကို ပြဆို​နေပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

Facebook