Connect with us

Hi, what are you looking for?

News

အာဆီယံဆုံးဖြတ်ချက်(၅)ရပ် တိုးတက်မှုမရှိပါက မင်းအောင်လှိုင်ကို အာဆီယံအစည်းအဝေးများ တက်ရောက်ခွင့်ပေးမည်မဟုတ်ဟု အင်ဒိုသမ္မတပြော

“ဘုံဆုံးဖြတ်ချက် ၅ ရပ်ကိုအကောင်အထည်ဖော်မှု သိသာထင်ရှားတဲ့တိုးတက်မှုမရှိဘူးဆိုရင် အာဆီယံအစည်းအဝေးတွေမှာ မြန်မာဟာ နိုင်ငံရေးနဲ့သက်ဆိုင်ခြင်းမရှိသူ(non-political) အဆင့်ပဲကိုယ်စားပြုခွင့်ရပါမယ်”ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောသည်။

ဓာတ်ပုံ - Jakarta Globe

▪️မြန်မာနိုင်ငံ လာရောက်မည့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ကို ခရီးစဉ်မတိုင်မီ ဖုန်းဆက်ဖိအားပေး

အာဆီယံဘုံဆုံးဖြတ်ချက် (၅)ရပ် တိုးတက်မှုမရှိပါက အာဆီယံအစည်းအဝေးများတွင် အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် တက်ရောက်ခွင့်ရမည်မဟုတ်ကြောင်း အင်ဒိုနီးရှားသမ္မတဂျိုကို ဝီဒိုဒိုက ပြောကြားသည်။

ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ အင်ဒိုနီးရှားသမ္မတက ဝန်ကြီးချုပ်ဟွန်ဆန်ကို ဖုန်းဆက်ဆွေးနွေးခဲ့ရာတွင် မြန်မာ့အရေးကို ထည့်သွင်းပြောကြားခဲ့ပြီး အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးရေးမှတဆင့် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေး အာဆီယံ၏ဘုံဆုံးဖြတ်ချက် (၅)ရပ်ကို အကောင် အထည်ဖော်ရန် အရေးကြီးမှုအပေါ် အင်ဒိုနီးရှား၏ ရပ်တည်ချက်ကို ရှင်းလင်းစွာပြောကြားခဲ့သည်ဟု ဆိုသည်။

“ဘုံဆုံးဖြတ်ချက် ၅ ရပ်ကိုအကောင်အထည်ဖော်မှု သိသာထင်ရှားတဲ့တိုးတက်မှုမရှိဘူးဆိုရင် အာဆီယံအစည်းအဝေးတွေမှာ မြန်မာဟာ နိုင်ငံရေးနဲ့သက်ဆိုင်ခြင်းမရှိသူ(non-political) အဆင့်ပဲကိုယ်စားပြုခွင့်ရပါမယ်”ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောသည်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်သည် ဇန်နဝါရီ ၇ ရက်တွင် မြန်မာနိုင်ငံသို့လာရောက်ရန် ရှိ​နေပြီး ၎င်း၏ ခရီးစဉ်သည် အကြမ်းဖက်စစ်ကောင်စီကို အသိအမှတ် ပြုမည့်သဘောသက်ရောက် နေသဖြင့် ပြည်တွင်း၊ ပြည်ပ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် တော်လှန်ရေးအင်အားစုများက အပြင်းအထန်ကန့်ကွက်ရှုတ်ချထားသည်။

ဟွန်ဆန်၏ မြန်မာနိုင်ငံခရီးစဉ်သည် အာဆီယံဘုံသဘောတူညီချက်(၅)ရပ်နှင့် ကိုက်ညီခြင်းမရှိသည့်အပြင် လူသတ် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာသော လုပ်ရပ်များကို ကူညီဖုံးကွယ်ပေးပြီး လူသတ်အကြမ်းဖက်စစ်ကောင်စီကို အာဆီယံအသိုင်းအဝန်းတွင် ပြန်လည်ဝင်ဆန့်စေရန်ကြိုးပမ်းမှုသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်သည်။

ထို့အတွက် ဟွန်ဆန်ကို မြန်မာနိုင်ငံတွင် လုံး၀ခြေချခွင့်မရအောင် နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်သွားမည်ဟု နိုင်ငံတဝန်းရှိ တော်လှန်ရေးအဖွဲ့ ၂၇၃ ဖွဲ့က ထုတ်ပြန်ထားသည်။

ဟွန်ဆန်သည် တရုတ်အစိုးရ၏လက်ဝေခံနောက်လိုက်တစ်ဦးဖြစ်သည့် အပြင် အာဏာကို အလွန်အမင်းတပ်မက်ပြီးမဲလိမ်၊ မဲခိုး၍ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရာထူးကို ကလိမ်ကကျစ်နည်းပေါင်းစုံဖြင့် ရာသက်ပန်သိမ်းပိုက်ထားသူဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။