Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် က​လေးငယ် ၂ဦးအပါအဝင် ပြည်သူ ၆ဦးဒဏ်ရာရ

ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ TNLAကလည်း ပြန်လည်ခုခံရာ နေ့လည်ပိုင်းတွင် မြို့အနီးဝန်းကျင်၌ တိုက်ပွဲ ဖြစ်ပွားနေသည်ဟုဒေသခံက ပြောသည်။

(ဒဏ်ရာရရှိခဲ့သည့် က​လေးငယ်နှင့် ပြည်သူများ)

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်း၌ လက်နက်ကြီးပစ်ခတ်ခဲ့၍ ကလေးငယ် ၂ဦးအပါအဝင်​ ဒေသခံပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တအာင်းလက်နက်ကိုင်အဖွဲ့(TNLA) တပ်ဖွဲ့ဝင်များ မြို့အတွင်း ဝင်လာ၍ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဟိုနားရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့၍ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူများ နမ့်ခမ်းဆေးရုံ၌ ကုသမှုခံယူလျက်ရှိသည်ဟု ဆိုသည်။

ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ TNLAကလည်း ပြန်လည်ခုခံရာ နေ့လည်ပိုင်းတွင် မြို့အနီးဝန်းကျင်၌ တိုက်ပွဲ ဖြစ်ပွားနေသည်ဟုဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။